ဂျဲနိုသန့်စင်ခန်းကပြန်ထွက်လာသည်အထိ ရှိုထာရိုနဲ့ဟယ်ချန်းက ရယ်ရယ်မောမောစကားပြောနေဆဲပင်။
ထိုင်နေရင်း ကိုယ့်ကိုယ်ကိုယ့်ဘေးလူဖြစ်နေသလိုခံစားရတာကြောင့် ဂျဲနိုနေရခက်လာခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သားကိုထားခဲ့လိုက်တော့မယ်ဆိုပြီး ထထွက်လာခဲ့လိုက်တော့သည်။“ ရား အီဂျဲနို ”
အနောက်ခေါ်သံကြောင့်ဂျဲနိုခြေလှမ်းတွေ တုံ့ခနဲရပ်သွားရသည်။ ဟယ်ချန်းအနောက်ကလိုက်လာမယ်လို့ သူမထင်ထားခဲ့မိ။
“ ဘာကိစ္စငါ့ကိုထားခဲ့တာလဲ သောက်ရူးရဲ့ ”
“ မင်းကသူနဲ့စကားကောင်းနေတော့ မနှောင့်ယှက်ချင်လို့လေ ”
“ အာ စလာပြန်ပြီ မနာလိုဖြစ်တဲ့ရောဂါ ”
ဟယ်ချန်းရဲ့စကားကြောင့် ဂျဲနိုနည်းနည်းရှက်သွားရသည်။
“ မ...မဟုတ်ပါဘူး ”
“ အင်းပါ မဟုတ်ဘူးပဲထားပါတော့ ဒါနဲ့မင်းလေယာဉ်ဘယ်အချိန်လဲ ”
“ ညဆယ့်တစ်နာရီ ”
“ အချိန်ရသေးတာဆိုတော့ ဟိုဟိုဒီဒီနည်းနည်းသွားလို့ရသေးတာပဲ
ငါထာရို့ကိုနည်းနည်းမေးလာတယ် မင်းဗီဒီယိုဂိမ်းဆော့ရတာကြိုက်တယ်မလား
ဒီနားမှာ Arcadeရှိတယ်တဲ့ အဲ့ကိုသွားကြမလား ”ဂျဲနို ဟယ်ချန်းရဲ့ဦးဆောင်မှုနောက်ကိုလိုက်ရင်း ‘မသိရင်ဒိတ်လုပ်နေသလိုပဲ’ဟုတွေးမိလာတာကြောင့် ခေါင်းကိုအသာယမ်းမိသည်။
“ ပေါက်ကရတွေ ”
“ ဘာကလဲ ”
စိတ်ထဲမှာပြောလိုက်တဲ့စကားကို အပြင်မှာပါထုတ်ပြောလိုက်မိတဲ့အပြင် အဲ့ပြောတဲ့စကားကိုဟယ်ချန်းကပါကြားသွားတာမို့ ဂျဲနိုနည်းနည်းပျာယာခတ်သွားရသည်။
“ မဟုတ်... ဘာမှမဟုတ်ပါဘူး ဒါနဲ့ မရောက်သေးဘူးလား ”
“ ထာရိုပြောတာတော့ တစ်မှတ်တိုင်စာပဲဝေးတာတဲ့ ရောက်တော့မှာပါ ”
ဂျဲနို မိနစ်အချို့ကြာအောင် မေးသင့်မမေးသင့် အတွေးတွေလွန်ဆွဲပြီးမှ သိချင်တဲ့မေးခွန်းကို ဟယ်ချန်းကိုထုတ်မေးလိုက်မိသည်။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့