ချစ်သူဆိုတဲ့ခေါင်းစဉ်အောက်ကို တရားဝင်ဝင်ရောက်ပြီးတဲ့နောက်မှာ တစ်ပတ်ကိုသုံးခါလောက်လာတွေ့တတ်တဲ့ဂျဲနိုကြောင့် ဟယ်ချန်းမှာအဝေးရောက်ချစ်သူဘဝရဲ့ခံစားချက်မျိုးကိုပင် မခံစားရ။
အရမ်းကဲပိုလွန်းပြီး မဏ္ဍပ်တိုင်တတ်ပြလွန်းတဲ့အီဂျဲနိုကြောင့် အဆောင်မှာ ဟယ်ချန်းရည်းစားရသွားတဲ့အကြောင်းမသိသူရှိမနေ။
အခုလဲ ဗုဒ္ဓဟူးနေ့ကြီးကို ကျောင်းပြေးပြီးရောက်လာပြန်သူကြောင့် ဟယ်ချန်းမှာ ပါမောက္ခထွက်တဲ့အထိတောင်မစောင့်နိုင်ပဲ ပစ္စည်းသိမ်းကာ ကမန်းကတန်းထွက်လာရပြန်သည်။ကျောင်းအဝရောက်တော့ ကျောင်းအဝမှာစတိုင်ကျကျရပ်စောင့်နေသူကြောင့် ဟယ်ချန်းနှာခေါင်းရှုံ့လိုက်မိသည်။
အီဂျဲနိုတစ်ယောက် ဆိုးလ်-တိုကျိုလေကြောင်းလိုင်းကို သူ့အဖေပိုင်တာလို့များ သဘောထားနေတာလားမသိပါ။" ဘာလို့ထပ်ရောက်လာတာလဲ "
" မောင်ကခက်ခက်ခဲခဲပင်လယ်ကိုဖြတ်ပြီးလာတွေ့တာကို ကြိုဆိုတဲ့ပုံကြီးက ဘယ်လိုကြီးလဲချန်းရာ "
" တစ်ပတ်ကိုသုံးခါလောက်လာမတွေ့ရင်တော့ ရင်ထဲထိစရာပေါ့ ဒါပေမယ့် မင့်ဟာကလွန်တယ် လေကြောင်းလိုင်းကိုလုပ်ကျွေးနေတာလား "
" ရပါတယ် မင်းမျက်နှာလေးကိုမြင်ရတာနဲ့တင် လေယာဉ်လက်မှတ်ဖိုးလောက်ကတန်ပါတယ် "
အတည်ပေါက်ကြီးထဖလစ်တဲ့ဂျဲနိုကြောင့် ဟယ်ချန်းမျက်နှာလေးရဲခနဲဖြစ်ရသည်။
အီဂျဲနိုတို့ မပြောရဲတဲ့စကားကိုမရှိတော့ပါဘူးတကယ်။" အတန်းချိန်မရှိဘူးလား ဒီနေ့က "
" အရေးမကြီးတဲ့တစ်ချိန်ပဲရှိလို့ဖျက်ခဲ့လိုက်တာ စိတ်မပူပါနဲ့ချန်းရဲ့ မောင်စာလဲသေချာလိုက်လုပ်ပါတယ် "
ညဘက်ဗီဒီယိုကောလ်ပြောကြတဲ့အခါတိုင်း နှစ်ယောက်လုံးအတူတူစာလုပ်နေကျဖြစ်တာကြောင့် ဂျဲနိုရဲ့စာသေချာလုပ်ပါတယ်ဆိုတဲ့စကားကိုတော့ ဟယ်ချန်းအပြည့်အဝယုံပါသည်။
" ယုံပါတယ် ဒါပေမယ့်လဲ မောင်ငါ့ဆီကိုလာနေရလို့ အတန်းတွေပျက်တာကိုတော့ မကြိုက်ပါဘူးကွာ "
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့