စာမေးပွဲပြီးတာနဲ့ အထုပ်ဆွဲပြီး ဂျပန်ကိုရောက်ချလာတဲ့ဂျဲနိုကြောင့် ဟယ်ချန်းပါ အဆောင်မှာမနေနိုင်ဘဲ အပြင်မှာထွက်နေလိုက်ရတော့သည်။
" ချန်း ဒီဟာလာမြည်းကြည့်ပေးပါဦး "
စာလုပ်နေတုန်း ဟင်းချက်နေတဲ့ဂျဲနိုကလှမ်းခေါ်တာမို့ စာလုပ်တာကိုခဏရပ်လိုက်ပြီး အပြင်ထွက်ခဲ့လိုက်တော့သည်။
အသံကြားရာမီးဖိုချောင်ကိုသွားကြည့်လိုက်တော့ အေပရွန်ဝတ်ထားတဲ့ဂျဲနိုကိုမြင်လိုက်တာကြောင့် အပြုံးတစ်ပွင့်ကမျက်နှာပေါ်အလိုလိုရောက်လာရသည်။
အေပရွန်ဝတ်ထားတဲ့ဂျဲနိုက အရမ်းကိုဆွဲဆောင်မှုရှိလွန်းသည်။" ဘာချက်နေတာလဲ "
" ဝက်နံရိုးပေါင်း စားကြည့်ပါဦး "
ဂျဲနိုတူနဲ့ခွံပေးတဲ့ နံရိုးပိုင်းကိုဝါးလိုက်ပြီး လက်မထောင်ပြလိုက်သည်။ ဂျဲနိုကဈေးသိပ်မဝယ်တတ်ပေမယ့် ဟင်းချက်တော့ အရမ်းကောင်းသည်ပင်။
" အရမ်းအရသာရှိတယ် တကယ် "
" တော်သေးတာပေါ့ ဗိုက်ဆာနေပြီလား ထမင်းစားတော့မလား "
" အင်း စားမယ်လေ "
နှစ်ယောက်သားထမင်းစားပြီးနောက် ကျောင်းစာကြည့်တိုက်ကိုထွက်လာကြသည်။ ဟယ်ချန်းကစာလုပ်နေတုန်းမှာ ဂျဲနိုကလက်ပ်တော့နဲ့အလုပ်လုပ်နေသည်။
နှစ်ယောက်သားစာကြည့်တိုက်ကပြန်ထွက်လာတော့
ညဆယ်နာရီကျော်သွားလေပြီ။" အရင်တုန်းကအချိန်တွေကိုပြန်ရောက်သွားသလိုခံစားရတယ် "
နှစ်ယောက်ယှဉ်လျှောက်နေရင်းမှ ဂျဲနိုကငဲ့ကြည့်လာပြီး စကားဆိုလာတော့ ဟယ်ချန်းပြုံးလိုက်မိသည်။
" ဟုတ်ပါရဲ့ ငါစာကြည့်တိုက်သွားတိုင်း မင်းကအမြဲလိုက်စောင့်ပေးခဲ့တာ "
" အရင်ကတည်းက Boyfriend Materialလေးဖြစ်ခဲ့တာပဲနော် ငါက "
ဂျဲနိုရဲ့မျက်နှာပြောင်တိုက်လွန်းတဲ့အပြောကြောင့် ဟယ်ချန်းအသံထွက်သည်အထိ ရယ်လိုက်မိတော့သည်။ အီဂျဲနိုက မိုးလောက်ကြီးတဲ့ယုံကြည်ချက်တွေရှိနေတာပင်။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့