15

114 20 2
                                    

ဟယ်နမ်ကပြန်ရောက်ကတည်းက ဂျဲနိုဧည့်ခန်းထဲမှာ  ဘီယာတစ်ဘူးပြီး တစ်ဘူးထိုင်သောက်နေမိသည်။

အချိန်တွေဘယ်လောက်ထိကုန်သွားပြီလဲဆိုတာကို သတိမပြုမိသလိုမျိုး ကြမ်းပြင်ပေါ်မှာ အသက်မဲ့စွာထိုင်နေမိသည်မှာ စားပွဲခုံပေါ်တင်ထားတဲ့ဖုန်းဆီက တဒီးဒီးမမြည်လာခင်အထိ။

ဖုန်းကိုမကိုင်ဘဲထားလိုက်ရင်းမှ ဆက်သွယ်သူနေရာမှာပေါ်နေတဲ့ ဝက်ဝံရုပ်အီမိုဂျီလေးကြောင့် ကိုင်ရမလား မကိုင်ရမလား တွေဝေနေမိသည်။ နာရီကိုမော့ကြည့်လိုက်မိမှ ဒီအချိန်ဆို ဟယ်ချန်းလေဆိပ်ကိုရောက်သွားလောက်ပြီဆိုတာကို သတိချပ်လိုက်မိသည်။ ဒီလိုသာဆို အခုဖုန်းဆက်တာက သူ့ကိုနှုတ်ဆက်ဖို့ဖြစ်နိုင်လောက်သည်။

ဖုန်းပြန်ဆက်ဖို့လုပ်နေတုန်း တံခါးထုသံတဒုန်းဒုန်းမြည်လာတာကြောင့်
စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်ခုံးတွေတွန့်ချိုးလိုက်မိသည်။
ဘယ်ကအရိုင်းအစိုင်းက သူ့အိမ်တံခါးကိုအသည်းအသန်လာထုနေတာပါလိမ့်။

တံခါးကိုဆွဲဖွင့်လိုက်တာနဲ့ မောဟိုက်နေတဲ့ပုံစံနဲ့ အိမ်ရှေ့မှာရပ်နေတဲ့ဟယ်ချန်းကိုမြင်လိုက်ရတာမို့ အံ့ဩသွားရသည်။
လေဆိပ်မှာရှိနေရမယ့်သူက ဘာလို့အိမ်ရှေ့ကိုရောက်နေပါလိမ့် ပြီးတော့ ဘာကြောင့်များ ဒီလောက်ထိမောဟိုက်နေတာပါလိမ့်။

‌အတွေးတွေကို စကားလုံးအဖြစ်မပြောင်းလဲနိုင်သေးခင် ရင်ခွင်ထဲကိုတိုးဝင်လာသူကြောင့် တံခါးလက်ကိုင်ကြီးကိုကိုင်ရင်း တောင့်တောင့်ကြီးရပ်နေမိသည်။

“ မကောင်းတဲ့ကောင်! ဘာလို့မင်းစိတ်တိုင်းကျလိုက်‌လုပ်နေတာလဲ အားလုံးကို ”

မျက်ရည်တွေကြားကဝူးဝူး‌ဝါးဝါးပြောနေတဲ့ ဟယ်ချန်းရဲ့စကားတွေကို ဂျဲနိုအပြည့်အဝနားမလည်နိုင်။

“ ချန်း ”

“ အမေရိကကိုထွက်သွားမယ်တဲ့လား ဘယ်သူ့သဘောနဲ့လဲ ”

သေချာသိုဝှက်ထားတဲ့ကိစ္စတစ်ခုကို ဟယ်ချန်းကထုတ်ပြောလာတာကြောင့် ဂျဲနိုအံ့အားသင့်သွားရသည်။

7 9 4 2Where stories live. Discover now