ဟယ်ချန်းတို့ပြန်ရောက်နေကြောင်းသိရတာနဲ့ ငယ်သူငယ်ချင်းတွေက ဆက်သွယ်လာတာမို့ ဟယ်နမ်မှာတစ်ရက်နေမယ့်အစီအစဥ်ကို နှစ်ရက်အဖြစ်ပြောင်းလဲလိုက်ရပြီး ဆိုးလ်ကိုမပြန်ခင်ညမှာ တွေ့ဆုံပွဲလေးပြန်လုပ်ဖြစ်ကြသည်။
တွေ့ဆုံပွဲရယ်လို့နာမည်တပ်ထားပေမယ့် တကယ်တမ်းကတော့ ကမ်းခြေမှာ စားကြ သောက်ကြ ဂစ်တာတီးကြရုံသာ။ ဒီမြို့လေးမှာ အတူကြီးပြင်းလာကြတဲ့သူတွေဖြစ်တာကြောင့် ဟိတ်ကြီးဟန်ကြီးလုပ်နေကြဖို့ မလိုအပ်ဘူးမဟုတ်ပါလား။ပင်လယ်ကိုမျက်နှာမူရင်း ဆားနံ့ပါတဲ့လေပြေသဲ့သဲ့ကို သဘောတကျခံယူနေတဲ့ဟယ်ချန်းကို ဂျဲနိုတိတ်တိတ်ကလေး ငေးကြည့်မိသည်။
“ ဘာလို့ ငါ့ကိုဒီလောက်ကြည့်နေတာလဲ ”
“ ဘာမှမဟုတ်ပါဘူး ဒီအတိုင်း ငါတို့အတော်လေးအရွယ်ရောက်လာတာပါလားဆိုပြီးတွေးမိလို့ ”
ဂျဲနိုပြောတဲ့စကားကြောင့် သဘောတကျရယ်လိုက်တဲ့ပုံစံလေးက သိပ်ကိုလှလွန်းတာကြောင့် ဂျဲနိုမှာငေးခနဲဖြစ်သွားရသည်။ ဟယ်ချန်းကသိပ်ကိုလှသည်။
“ အစ်မမင်ဂျီဆီကဖုန်းမလာဘူးလား ”
ရုတ်တရက်အစ်မမင်ဂျီအကြောင်း အစဆွဲထုတ်လာတော့ စက္ကန့်ပိုင်းလောက် ကြောင်တက်တက်ဖြစ်သွားရပြီး ‘မနက်ကဆက်ပြီးပြီ’ဆိုတဲ့ မပီပြင်တဲ့အလိမ်အညာတစ်ခုကို ပြောလိုက်ရသည်။
“ ငါ... ခုတလော စဉ်းစားမိတယ်သိလား
အကယ်၍ ငါတို့ကသူငယ်ချင်းမဖြစ်ခဲ့ရင် အခုငါတို့ဘယ်လိုဖြစ်နေမလဲပေါ့
ပြီးတော့ အကယ်၍များ နှစ်တချို့ကြာတဲ့အထိ တစ်ယောက်ကိုတစ်ယောက် မဆက်သွယ်ဘဲနေကြရင် ပြန်တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲဆိုပြီးတော့ ”အဝေးကလှိုင်းကလေးတွေဆီ လှမ်းမျှော်ကြည့်ရင်း ခပ်တွေတွေလေးပြောပြလာတဲ့စကားတွေမှာ ဝမ်းနည်းရိပ်တွေပါနေတာကို ခံစားမိတာမို့ ဂျဲနိုပါအလိုလိုလိုက်ဝမ်းနည်းမိသွားရသည်။
နှစ်ယောက်သားစကားမပြောဖြစ်ဘဲ ထိုင်နေကျရင်းမှ အဝေးကပျံ့လွင့်လာတဲ့သီချင်းသံကို ဂျဲနိုကခပ်တိုးတိုးလေးလိုက်ညည်းလေတော့ ဟယ်ချန်းငြိမ်ငြိမ်လေးနားထောင်နေလေသည်။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့