လူနာကုတင်ပေါ်မှာ အေးချမ်းစွာအိပ်မောကျနေတဲ့ ဟယ်ချန်းရဲ့ပုံရိပ်လေးကို ဂျဲနိုအခန်းအပြင်ဘက်ကနေ တိတ်တိတ်လေးရပ်ငေးမိသည်။ အထဲဝင်သွားဖို့ကိုမတွေးမိတာတော့မဟုတ်ပေမယ့် ကိုယ့်စိတ်ကအရောင်တွေစွန်းထင်းနေလေတော့ အနားကိုခြေတစ်လှမ်းစာတိုးသွားဖို့တောင် မဝံ့ရဲနိုင်။ လက်ရှိဂျဲနိုရဲ့အခြေအနေက ဟယ်ချန်းနဲဲ့အရင်လိုပြန်ဖြစ်ဖို့ဆိုတာဝေးလို့ ခုလို ခပ်လှမ်းလှမ်းကငေးကြည့်ဖို့ကိုတောင် မနည်းသတ္တိမွေးနေရတဲ့အနေအထားပင်။
“ အော ဂျဲနို-ssi ”
ကိုရီးယားအသံဝဲဝဲလေးနဲ့ အနောက်ကရောက်လာတဲ့ရှိုထာရိုကြောင့် ဂျဲနိုခြေလှမ်းတွေအလိုလိုနောက်ဆုတ်မိသွားရသည်။
“ အထဲကိုမဝင်တော့ဘူးလား ဟယ်ချန်းကတော့အိပ်ပျော်နေတယ် ”
“ ထာရို-ssi ကျွန်တော်တို့စကားခဏပြောလို့ဖြစ်မလား ”
ဆေးရုံရှေ့ကပန်းခြံထဲမှာထိုင်ရင်း ထာရိုယူလာပေးတဲ့ကော်ဖီခွက်ကို အပူချိန်အနည်းငယ်လျော့သွားအောင် ဂျဲနိုကြိုးစားမိသည်။
“ ထာရို-ssi ”
“ ဟုတ် ”
“ ကျွန်တော်လာတယ်ဆိုတာကို ချန်းကိုလျှို့ဝှက်ထားပေးနိုင်မလား ”
“ ဗျာ ”
“ ကျေးဇူးပြုပြီး တောင်းဆိုပါတယ် ပြီးတော့ ရှေ့လျှောက် ချန်းကိုပိုဂရုစိုက်ပေးပါဦး ”
“ ဟုတ် ”
လေးပင်တဲ့ခြေလှမ်းတွေနဲ့ထွက်သွားတဲ့ အီဂျဲနိုကိုကြည့်ပြီး ရှိုထာရိုသက်ပြင်းချမိသည်။ တရွေ့ရွေ့နဲ့ဝေးကွာသွားတဲ့ကျောပြင်ကျယ်ဟာ ဝမ်းနည်းစရာကောင်းစွာ အထီးကျန်နေသယောင်။
ဆိုးလ်ကိုပြန်ရောက်သွားကတည်းက ဂျဲနိုကအလုံးစုံပြောင်းလဲသွားခဲ့သည်။ သင်ခန်းစာတွေမှာလဲအပြည့်အဝအာရုံစိုက်လာပြီး လုပ်နေကျအကျင့်ဆိုးတွေအားလုံးကိုလဲစွန့်ပစ်လိုက်သည်။
အရင် ဘားသွားမယ့်အချိန်တွေမှာ စာကြည့်တိုက်မှာလက်ပ်တော့တစ်လုံးနဲ့စာလုပ်နေတတ်ပြီး
အရင်လိုအပေါင်းအသင်းတရုန်းရုန်းနဲ့လေလွင့်မနေတော့။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့