ဂျပန်ကပြန်ရောက်ကတည်းက ဂျဲနိုအိမ်ထဲကအိမ်ပြင်မထွက်ဖြစ်တာ အခုဆိုတစ်ပတ်တိတိ။
နေ့တိုင်း အရက်နဲ့ဆေးလိပ်ကိုသာအဖော်ပြုရင်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း အချိန်တွေကုန်ဆုံးနေမိတာဖြစ်သည်။.
“ မောင်... ”
အိမ်အဝင်အဝမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မင်ဂျီ့ခြေလှမ်းတွေရပ်တန့်သွားရသည်။
ဧည့်ခန်းထဲမှာ ဆေးလိပ်တိုတွေ ဘီယာဘူးခွံတွေပွထနေသည်မှာ အမှိုက်ပုံသဖွယ်။
အိမ်ကိုမီးမထွန်းထားတဲ့အပြင် လိုက်ကာတွေကိုအကုန်ချထားတော့ နေခင်းကြောင်တောင်ကြီးမှာတောင် မှောင်မဲနေသည်မှာ ညသန်းခေါင်အလားပင်။မင်ဂျီ့အိမ်အဝင်အဝကမီးခလုတ်ကိုဖွင့်လိုက်တော့ ဆိုဖာပေါ်မှာကွေးကွေးလေးအိပ်ပျော်နေတဲ့ မောင့်ကိုတွေ့လိုက်ရတာမို့ အလိုလိုမျက်ခုံးပင့်လိုက်မိသည်။
မောင့်ဆီဆက်သွယ်လို့မရတဲ့အပြင် မောင့်သူငယ်ချင်းတွေကလည်း မောင်ကျောင်းမလာတာ တစ်ပတ်လောက်ရှိပြီဟုဆိုတာကြောင့် အိမ်အထိလိုက်လာခဲ့ပေမယ့် ဒီလောက်ထိအခြေအနေဆိုးရွားနေမယ်လို့မထင်ထားမိ။“ မောင် ”
အိပ်ပျော်နေတဲ့သူရဲ့လက်မောင်းကိုလှုပ်ရင်းနှိုးလိုက်တော့ ဖွင့်ဟလာတဲ့မောင့်မျက်ဝန်းတွေက အသက်မဲ့စွာကြောင်စီစီဖြစ်နေတာကို မင်ဂျီသတိထားမိသည်။
“ မောင် မမကိုကြည့်စမ်း ”
မင်ဂျီ့ရင်ခွင်ကိုခေါင်းဝှေ့ပြီး မျက်ရည်ဖြိုင်ဖြိုင်ကျရင်း‘တောင်းပန်ပါတယ်’ဆိုတဲ့စကားကို အထပ်ထပ်ရေရွတ်နေတဲ့မောင်ပုံစံက တစ်စုံတစ်ခုသောအကြောင်းကြောင့် စိတ်ရောကိုယ်ပါပင်ပန်းနေမှန်းသိသိသာသာမို့ မင်ဂျီဘာမှမေးမနေဘဲ မောင့်ကိုသာဖက်ထားပေးလိုက်မိတော့သည်။
အချိန်တစ်ခုကြာတဲ့အထိ ဝမ်းပန်းတနည်းရှိုက်ငိုနေပြီးနောက်မှာ မောင့်ဆီကရှိုက်သံကိုမကြားရတော့တာမို့ မင်ဂျီမောင့်မျက်နှာလေးကိုဆွဲမော့လိုက်တော့
ငိုလွန်းအားကြီးလို့ နီရဲနေတဲ့မျက်နှာလေးကိုမြင်လိုက်ရတာကြောင့်
စိတ်မကောင်းဖြစ်သွားရသည်။
မင်ဂျီကအမြဲတမ်းလှလှလေးပြုံးနေတဲ့မောင့်ပုံစံကိုပဲမြင်ခဲ့ရတာမဟုတ်ပါလား။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့