“ မောင် ရူးသွားပြီလား ”
မျှော်လင့်ထားတဲ့အတိုင်း တစ်ထပ်တည်းတုန့်ပြန်လာတဲ့ အစ်မမင်ဂျီကိုကြည့်ရင်း ဂျဲနိုယဲ့ယဲ့လေးပြုံးလိုက်မိသည်။
“ ဖြစ်သင့်တာပါ ”
“ မောင်! ”
“ မမပြောသလို ချန်းဘက်ကလဲ ကျွန်တော့အပေါ် သူငယ်ချင်းထက်ပိုတဲ့စိတ်မျိုးရှိနေနိုင်တယ်ဆိုတာကိုလဲ ကျွန်တော်လက်မခံဘူး အဓိပ္ပာယ်မရှိဘူး ”
“ တို့ပြောတာ အကယ်၍ဆိုပြီးတော့ပါ ”
“ ကျွန်တော်နဲ့ချန်းက ဆယ်စုနှစ်နှစ်ခုစာလောက် အတူတူကြီးပြင်းလာတာမို့ ချန်းရဲ့မိသားစုအကြောင်း ကျွန်တော်အသိဆုံးပဲ ချန်းရဲ့မေမေက ချန်းကိုဘယ်လိုပျိုးထောင်ခဲ့တယ် ဘယ်လိုမျှော်လင့်ချက်တွေထားခဲ့တယ် ချန်းကဘယ်လောက်ထိသိတတ်လိမ္မာခဲ့တယ်ဆိုတာ ကျွန်တော်က နှစ်နှစ်ဆယ်ကျော်လုံးမျက်မြင်တွေ့ခဲ့ရတာ
တကယ်လို့ မမပြောသလို ချန်းကသာ ကျွန်တော့အပေါ်မှာ သူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေခဲ့ရင် တစ်သက်လုံးသူလိမ္မာသမျှ အကုန်သဲထဲရေသွန်ဖြစ်ကုန်မှာ
ကျွန်တော်အဲ့လိုအဖြစ်မခံနိုင်ဘူး
မဟုတ်ဘူး မမစဉ်းစားထားတဲ့ ဒီအကယ်၍ဆိုတဲ့အခြေအနေကြီးက ဖြစ်ကိုဖြစ်မှာမဟုတ်ဘူး ကျွန်တော့အပေါ် ချန်းရဲ့စိတ်က ဘယ်လောက်တောင်ဖြူစင်လိုက်လဲ ”“ ဒါဆို မောင်ကရော မောင့်အတွက်ရောမောင်မတွေးဘူးလား ”
“ ကျွန်တော်အတွက်က ဒီအချိန်အထိ ချန်းအနားမှာရှိခွင့်ရခဲ့တာကလုံလောက်ပါပြီ ”
“ မောင်ထွက်သွားရင် ဟယ်ချန်းကရောဘယ်လိုကျန်ခဲ့မယ်ထင်လဲ သူရောအဆင်ပြေမယ်ထင်လို့လား ”
“ ဒီခွေးကောင် ငါ့ကိုတောင်အသိမပေးနိုင်လောက်အောင် ဘာတွေအလုပ်များနေလဲလို့တွေးမှာပေါ့
ပြီးတော့ချန်းကသိပ်မာနကြီးတာမမရဲ့
သူ့ကိုအသိမပေးဘဲ ကျွန်တော်ထွက်သွားတာကိုသိသွားရင် ကျွန်တော့ဆီကိုဘယ်တော့မှ သူ့ဘက်ကစပြီးဆက်သွယ်မှာမဟုတ်ဘူး အဆင်မပြေရင်တောင် ကျိန်းသေပေါက်အဆင်ပြေအောင်နေမယ့်သူ ပြီးတော့ ချက်ချင်းကြီးအဆင်မပြေရင်တောင် အချိန်တစ်ခုကြာပြီးရင်အဆင်ပြေသွားမှာပါ ကျွန်တော့ထက်ကောင်းတဲ့သူငယ်ချင်းတွေ သူ့အနားရောက်လာဦးမှာ
အာ မမရောက်လက်စနဲ့တစ်ချက်ကူညီသွားပါဦး ဒီနေ့ချန်းကသူပစ္စည်းတွေလာသိမ်းမယ်ပြောတယ် အဲ့တာ သူ့ရောက်လာရင် တစ်ချက်ဟန်ဆောင်ပေးပါဦး ”
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့