6

111 18 1
                                    

ရုတ်တရက် ဧည့်သည်ရောက်လာတယ်ဟုဆိုတာကြောင့် ဟယ်ချန်းစာလုပ်နေတာကို အဆောင်ဧည့်ခန်းကိုဆင်းလာလိုက်သည်။

ပုံမှန်ဆိုလည်း ကျောင်းပိတ်ရက်ဆို ရှိုထာရိုကလာလည်တတ်တာမို့ အခုလည်း ရှိုထာရိုလာတာလို့ထင်လိုက်ပေမယ့် ဧည့်ခန်းမှာ သက်တောင့်သက်သာထိုင်နေတဲ့ပုံရိပ်ကြောင့် ဟယ်ချန်းလှေကားရင်းမှာ အတောင့်လိုက်ကြီးရပ်နေမိသွားရသည်။

“ ချန်း ”

မျက်လုံးကိုလခြမ်းကွေးလေးဖြစ်တဲ့အထိပြုံးပြလာတဲ့ဂျဲနိုကို ဟယ်ချန်းကိုးရိုးကားရားနိုင်စွာ ပြန်ပြုံးပြလိုက်ရသည်။
ရုတ်တရက်မို့လို့ သူ့ဦးနှောက်ကအပြည့်အဝအလုပ်မလုပ်နိုင်သေး။

“ ငါလာတာကို ဝမ်းမသာဘူးလား ”

“ မဟုတ်...မဟုတ်ပါဘူး ရုတ်တရက်ဆိုတော့ နည်းနည်း... ”

“ တစ်ခုခုသွားစားရအောင် ငါအခုထိ ဘာမှမစားရသေးဘူး ”

“ ခဏလေး ငါအဝတ်အစားလဲလိုက်ဦးမယ် ”

ဟယ်ချန်း ဂျဲနိုကိုဧည့်ခန်းထဲမှာခဏထားခဲ့ကာ အပေါ်ကိုမြန်မြန်ပြန်တက်လာခဲ့သည်။ အဆောင်မှူးကိုသတင်းပို့ရမှာဆိုပေမယ့် အဆောင်မှူးကအဆောင်မှာရှိမနေတာကြောင့် အခန်းဖော်ဂျူနီယာ‌လေးကိုသာ အဆောင်မှူးပြန်လာရင်အကြောင်းကြားပေးဖို့မှာခဲ့ရသည်။

“ စီနီယာ အောက်မှာစီနီယာဂျဲနိုရောက်နေတာလား ”

“ အင်း မင်ဟျွန်း အဆောင်မှူးလာရင် ငါအပြင်ထွက်သွားတဲ့အကြောင်းတစ်ချက်ပြောပေးပါဦး ”

“ ဟုတ်ကဲ့ ကောင်းကောင်းဒိတ်လုပ်ခဲ့ပါ ”

ပြောင်စပ်စပ်ပြောလာတဲ့ ဂျူနီယာလေးကို မျက်လုံးနဲ့တစ်ချက်ဆဲခဲ့ပြီးမှ ဟယ်ချန်းဧည့်ခန်းဆီပြန်ဆင်းလာခဲ့သည်။

“ ပြီးသွားပြီလား မြန်လိုက်တာ ”

“ အင်း မင်းအကြာကြီးစောင့်နေရမှာစိုးလို့ မြန်မြန်လုပ်လာတာ
ဘာစားချင်လဲ ”

“ ဒီနားမှာ စားကောင်းတဲ့ဆိုင်ဘာဆိုင်ရှိလဲ ”

ဂျဲနိုအမေးကြောင့် ဟယ်ချန်းစဉ်းစားရကြပ်သွားရသည်။
ပုံမှန်အားဖြင့် ဟယ်ချန်းက ကျောင်းကကန်တင်းမှာပဲစားနေကျဆိုတော့ ကျောင်းနားကဘယ်ဆိုင်က စားကောင်းလဲဆိုတာ သေချာမသိ။

7 9 4 2Where stories live. Discover now