ဂျဲနိုနဲ့စကားအခြေအတင်ပြောပြီးကတည်းက ဟယ်ချန်းနေရတာအဆင်မပြေ။ ဂျဲနိုနဲ့သူနဲ့ရင်းနှီးခဲ့တဲ့ကာလအတွင်း ဒီလိုအခြေအတင်ဖြစ်တာက ပထမဆုံးအကြိမ်ပေမို့ ဘယ်လိုပြန်ပြေလည်အောင်လုပ်ရမလဲဆိုတာ သေချာမသိပါ။
တကယ်တမ်း ပြန်တွေးမိတော့ ဂျဲနိုအမှားချည်းပဲတော့ ဟုတ်မနေပါ။ ရည်းစားနဲ့သူငယ်ချင်းနဲ့ယှဉ်လာရင် ရည်းစားကိုပဲဦးစားပေးမယ်ဆိုတာ ကလေးသွားမေးတောင် သိသာနေတဲ့ကိစ္စကို ဟယ်ချန်းရဲ့မရိုးသားတဲ့စိတ်ကြောင့် ပြဿနာကြီးမားအောင်လုပ်လိုက်မိခြင်း။
ပြောရရင် ဒီစီနီယာက ဂျဲနိုရဲ့ရည်းစားဦးလဲဟုတ်မနေပါ။
အီဂျဲနိုက အထက်တန်းနှစ်ကတည်းက ကောင်မလေးတွေနဲ့ထည်လဲတွဲတတ်ခဲ့သူဖြစ်သည်။ အဲ့အချိန်တုန်းကတော့ အချိန်တန်ရင် ပြတ်မှာပဲဆိုတဲ့အတွေးနဲ့ ဟယ်ချန်းစိတ်ထဲထွေထွေထူးထူးမခံစားခဲ့။
ဂျဲနိုကလဲ သူတွဲသမျှကောင်မလေးတွေတိုင်းထက် ဟယ်ချန်းကိုပိုဦးစားပေးခဲ့သည်ချည်းသာ။ဒီစီနီယာအစ်မကတော့ ထူးခြားသည်။ ဂျဲနိုနဲ့ပတ်သက်ခဲ့ဖူးသမျှ မိန်းကလေးတွေထဲမှာ ဟယ်ချန်းကိုထားခဲ့လောက်တဲ့အထိဖြစ်စေခဲ့သူဖြစ်တဲ့အပြင်
ဂျဲနိုနဲ့သူ နှစ်ယောက်စပ်တူဝယ်ထားတဲ့ကားထဲမှာ အနမ်းခြွေနေတဲ့မြင်ကွင်းအထိ မြင်ခဲ့ရတာမို့ သူ့စိတ်တွေအထိမခံနိုင်ဖြစ်ခဲ့ရခြင်း။ပြန်တောင်းပန်လိုက်တာကောင်းမယ်လို့တွေးလိုက်ပေမယ့် ဟယ်ချန်းရဲ့မာနကခွင့်မပြု။ အဲ့လို ဂျဲနိုရဲ့ပိုင်စိုးပိုင်နင်းအပြုအမူတွေက ဟယ်ချန်းရဲ့မရိုးသားတဲ့စိတ်ကို ပိုပြီးအားကောင်းစေတာမို့ ဟယ်ချန်းကသဘောမကျပါ။ သူက အချိန်တန်ရင် သူငယ်ချင်းဆိုတဲ့စည်းထဲမှာ ပစ်ထားခြင်းခံရမယ့်သူမဟုတ်ပါလား။
.
နောက်နေ့ ဟယ်ချန်းအိပ်ရာနိုးတဲ့အချိန် ဂျဲနိုအခန်းကတိတ်ဆိတ်နေဆဲ။ တံခါးကိုနားနဲ့ကပ်ပြီးနားထောင်ကြည့်ပေမယ့် ဘာသံမှမကြားတာမို့ ဂျဲနိုအိပ်နေတုန်းပဲဟုသာ မှတ်ယူလိုက်ပြီး မနက်စာလုပ်ဖို့ မီးဖိုချောင်ဆီကိုသာ ဦးတည်လိုက်တော့သည်။
YOU ARE READING
7 9 4 2
Fanfictionအချိုမြိန်ဆုံးငရဲကိုဘယ်လိုခေါ်လဲသိလား?! အဖြေက ' Friend Zone ' တဲ့