12

97 13 0
                                    

ဟယ်နမ်‌မြေကိုခြေချလိုက်တာနဲ့ မှတ်ဉာဏ်ထဲကအစီအရီတိုးထွက်လာတဲ့အမှတ်တရတွေကြောင့် ဟယ်ချန်းသက်ပြင်းချမိသည်။

“ ဘာလို့သက်ပြင်းတွေချနေတာလဲ ဇာတိကိုပြန်လာရတာမပျော်ဘူးလား ”

“ ပျော်ပါတယ် ဒီအတိုင်းစိတ်လေးစရာတွေရှိလို့ပါ ”

“ ရွာကိုတန်းသွားမှာမလား ငါလိုက်ပို့ပေးမယ်လေ ”

“ မဟုတ်တာ မင်းလဲပင်ပန်းလာမှာကို အိမ်ပြန်နားလိုက်ပါ ငါတက္ကစီခေါ်ထားတာ‌ရောက်နေပြီ ”

ဟယ်ချန်း သူ့ကိုအိမ်လိုက်ပို့ချင်နေတဲ့ဂျဲနိုကို ကားဂိတ်မှာထားခဲ့ပြီး တက္ကစီပေါ်ကိုတက်လာခဲ့လိုက်သည်။
ရွာနားကိုရောက်တော့ အမေကရွာထိပ်ကကွပ်ပစ်လေးမှာထိုင်ရင်း သူ့ကိုစောင့်နေတာကိုတွေ့လိုက်ရတာမို့ ကားသမားကိုရပ်ခိုင်းလိုက်ရသည်။

“ အမေ့ ”

အဝေးကနေလှမ်းအော်ပြီးခေါ်လိုက်တော့ အမေကဟယ်ချန်းဆီထပြေးလာတာမို့ ရင်တမမဖြစ်ရသည်။ ချော်လဲရင်မခက်ပါပေဘူးလား။

“ အမကြီးကင်မ်ရေ ဘယ်လိုဖြစ်လို့ဒီလောက်ပြေးလာတာလဲ ချော်လဲရင်ဘယ်လိုလုပ်မလဲ ”

“ မလဲပါဘူးအေ ဒီလောက်နဲ့ငါကလဲစရာလား ”

“ ဟုတ်ပါပြီဗျာ ဟုတ်ပါပြီဗျာ ဒီနေ့ဆိုင်မသွားရဘူးလား ”

“ မင့်ပြန်လာမယ်ဆိုလို့ တစ်ရက်နားတာ လာ အိမ်မြန်မြန်ပြန်ရအောင် အမေကင်ချီဟင်းရည်ချက်ပေးထားတယ် ”

“ ဟောလ် ကြားရုံနဲ့ကိုဗိုက်ဆာလာပြီ ”

ဟယ်ချန်း အမေ့လက်ကိုတွဲပြီး ရွာရဲ့အမြင့်ပိုင်းမှာရှိတဲ့ သူတို့ရဲ့အိမ်လေးဆီဦးတည်ခဲ့သည်။ ဟယ်နမ်မြို့လေးက တောင်ကိုရီးယားရဲ့အနောက်တောင်ဘက်အကျဆုံးမြို့လေးဖြစ်ပြီး တောင်တန်းတွေနဲ့ ပင်လယ်ရဲ့ကြားထဲမှာတည်ရှိနေတဲ့ ချစ်စဖွယ်မြို့လေးဖြစ်သည်။
ဒီမြို့လေးက သူနဲ့ဂျဲနိုရဲ့မွေးဖွားရာဇာတိဖြစ်ပြီး ဘဝရဲ့သုံးပုံနှစ်ပုံကို ကုန်ဆုံးခဲ့ရာနေရာလဲဖြစ်သည်။
ဒါပေမယ့် နှစ်ယောက်သားနေတဲ့နေရာချင်းတော့မတူညီကြပါ။
ဂျဲနိုတို့အိမ်က မြို့လယ်နားမှာရှိပြီး ဟယ်ချန်းတို့အိမ်ကတော့ ပင်လယ်နဲ့နီးတဲ့ရွာလေးမှာဖြစ်သည်။

7 9 4 2Where stories live. Discover now