Intro

1.5K 86 2
                                    

Unicode

ကျွန်တော်ကတော့ကောင်းကင်ဘုံရှိ နတ်သားများစွာထဲကတစ်ပါးဖြစ်သည့်အလျောက် ကျွန်တော်ဟာမိုးနတ်သားဘွဲ့ကိုရရှိထားသည့် နတ်သားတစ်ပါးပဲဖြစ်သည်။ မိုးနတ်သားဖြစ်သည့်ကျွန်တော်ဟာ ကောင်းကင်မင်းကြီးရဲ့သားတော်ဖြစ်သည့် အရှင့်သားပေါ်တွင်ချစ်ခင်လေးစားခဲ့သည်။ တစ်ခါတလေတော့ အရှင့်သားရဲ့ဆိုးသွမ်းကာမွှေနောက်မှုကြောင့် အရှင့်သားကိုစိတ်ဆိုးရတဲ့အခါတွေရှိပေမဲ့လည်း သဘောကျသည်ထက်တော့ပိုမများပေ။

ဒါပေမဲ့ ဒီတစ်ခေါက်ပြဿနာအကြီးအကျယ်ဖြစ်ပွားတဲ့အခေါက်မှာ အရှင့်သားအပေါ်အလွန်အင်မတန်စိတ်ဆိုးခဲ့မိသည်။ အရှင့်သားဟာသူ့ရဲ့မိုးနှင်တံကိုတမင်ရိုက်ချိုးပစ်ခဲ့သည်မဟုတ်ပါလား။ဒါကသူ့ကိုတော်တော်ဒေါသထွက်စေခဲ့သည်။ ဒါကြောင့် အရှင့်သားအပြစ်ဒဏ်ပြီးဆုံးခါနီးမှာ အပြစ်ဒဏ်ကိုတိုးမြှင့်ဖို့ရာ အခြားနတ်သားတွေနှင့်တိုင်ပင်ကာ ကောင်းကင်မင်းကြီးထံတင်ပြခဲ့သည်။ အကုန်လုံး၏တင်ပြကာပွစိပွစိများမှုကြောင့် ကောင်းကင်မင်းကြီးလည်းမတတ်နိုင်ခဲ့ပဲ သူတို့တင်ပြသည့်အပြစ်ဒဏ်ကို အရှင့်သားထံတိုးမြင့်လိုက်ရသည်။

ဒါပေမဲ့လည်း မိုးနတ်သားမှာအရှင့်သားကိုထိုပြစ်ဒဏ်တိုးမြှင့်စေပြီးနောက်မှာ စိတ်ဆိုးပြေသွားခဲ့ပြီး အရှင့်သားအပေါ်ပြစ်ဒဏ်တိုးမိသည့်အပေါ်အားနာစိတ်ဝင်လာမိသည်။ ဒါပေမဲ့ လုပ်ပြီးသွားမှတော့ပြန်ပြီးနောက်ဆုတ်လို့မရတော့ချေ။ အရှင့်သားကောင်းကင်ဘုံပြန်ရောက်လာရင် တောင်းပန်မည်ဟူ၍သာ ဆုံးဖြတ်လိုက်ရတော့သည်။

နောက်ဆုံးတော့ အပြစ်ဒဏ်အားလုံးခံယူပြီးနောက် အရှင့်သားဟာကောင်းကင်ဘုံသို့ပြန်ရောက်လာတော့သည်။ အရှင့်သားဟာအရင်လိုမဆိုးသွမ်းတော့ပဲ လိမ်မာလာခဲ့သည်။ ဒါက ကောင်းကင်မင်းကြီးကိုသာမက အနိုင်ကျင့်ခံခဲ့ရသောနတ်သားအားလုံးကိုစိတ်သက်သာရာရစေကာ ပီတိဖြစ်၍ပျော်ရွှင်စေသည်။ မိုးနတ်သားလည်းအရှင့်သားကိုအခွင့်ရရင်တောင်းပန်မည်ဟုတွေးနေစဥ် သူ့ရဲ့ကိုးကွယ်သူတွေလျော့နည်းလာသည်ကိုသတိထားမိခဲ့သည်။ ပထမကတစ်ယောက်နှစ်ယောက်ပဲဖြစ်သော်လည်း နောက်တော့ နဂိုရှိနေသည့်ကိုးကွယ်သူတွေကထက်ဝက်လောက်နီးပါးလျော့ပါးကုန်လေသည်။

All i need to do is clear the mission and go home.Where stories live. Discover now