Arc - 4.3

182 30 2
                                    

Unicode

နောက်တစ်ရက်၌ စိုင်းလမင်းမောင်က နေသွေးခန့်ကိုထမင်းစားဖိတ်လေသည်။ သူကသွန်းထက်ကြယ်ကို ထိုကိစ္စကိုလျှို့ဝှက်ထားပြီး နေသွေးခန့်ကို စားသောက်ဆိုင်တစ်ခုရှိ သီးသန့်room၌ ညစာကျွေးဖို့ချိန်းဆိုလိုက်သည်။

စိုင်းလမင်းမောင်က အဝတ်အစားကိုလည်းအကောင်းစားနှင့်သန့်ပြန့်စွာဝတ်ဆင်ကာ ကြည့်ကောင်းအောင်ပြင်ဆင်ထားသည်။နေသွေးခန့်ကိုစောင့်နေတဲ့အချိန်အတွင်း သူကစိတ်လှုပ်ရှားလို့နေလေသည်။

အခန်းတံခါးကပွင့်လာပြီး နေသွေးခန့်ကဝင်လာလေသည်။ စိုင်းလမင်းမောင်က ပြုံးလိုက်ကာ ထလိုက်သည်။

"ခန့် မင်းရောက်လာပြီပဲ!ထိုင်လေ.."

နေသွေးခန့်က အရယ်အပြုံးမရှိချေ၊ သူ့ရဲ့အမူအရာကအေးစက်လို့နေသည်။ သူကခေါင်းညိတ်လိုက်ပြီး စိုင်းလမင်းမောင်ရဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သည်။

စိုင်းလမင်းမောင်က နေသွေးခန့်ရဲ့ချောမောလှပတဲ့မျက်နှာကိုကြည့်ကာ ပို၍စိတ်လှုပ်ရှားကာ ရင်အခုန်မြန်လာသည်။ ကိုယ့်ရဲ့အချစ်ဦးရှေ့မှာ ဘယ်သူကရင်မခုန်မိပဲနေမှာလဲ။

"ခန့်..မင်းဘာစားမလဲ?ငါမင်းကြိုက်တဲ့ ဝက်သားချိုချဥ်ကြော်နဲ့ ငါးခေါင်းဟင်းရည်မှာထားတယ်။"

"ကျေးဇူးပဲ..မင်းအတွက်ပဲထပ်မှာလိုက်တော့၊အမှန်က ငါစားလာခဲ့ပြီးပြီ"

"အော်"

စိုင်းလမင်းမောင်က အနည်းငယ်စိတ်ခုသွားရသည်။ ညစာဖိတ်ကျွေးပါတယ်ဆို တစ်ဖက်ကညစာစားပြီးမှတော့ ဘာတတ်နိုင်မှာလဲ။

"ခန့် မင်းနိုင်ငံခြားမှာနေတဲ့အတောအတွင်းမှာအဆင်ပြေရဲ့လား?ငါကမင်းအဆင်မပြေမှာအမြဲစိုးရိမ်နေတာ၊ မင်းငါ့ကိုဘာမှမပြောပဲထွက်သွားတုန်းက ငါ့မှာဝမ်းနည်းရသေးတယ်..ဒါပေမဲ့ မင်းပြန်လာတော့ ငါအရမ်းပျော်တာပဲ"

နေသွေးခန့်က တစ်ချက်ပြုံးပြကာ ခေါင်းညိတ်သည်။ အစားအသောက်တွေရောက်လာတဲ့အခါမှာတော့ စိုင်းလမင်းမောင်က နေသွေးခန့်ပန်းကန်ထဲကို အစားအသောက်တွေထည့်ပေးတော့သည်။ နေသွေးခန့်ကစားပြီးပြီဆိုပေမဲ့လည်း သူကျွေးတာကိုမငြင်းဆန်လောက်ဘူးဟုသူကတွေးလိုက်သည်။ နေသွေးခန့်က သူထည့်ပေးတာကိုစားလိုက်တာမြင်တော့ စိုင်းလမင်းမောင်ကဝမ်းသာသွားလေသည်။

All i need to do is clear the mission and go home.Where stories live. Discover now