Arc - 1.2

516 59 1
                                    

Unicode

အလုပ်ပြီးတဲ့အခါမှာတော့ ထောင်သားတွေအကုန်လုံးဟာ သူတို့နှင့်သက်ဆိုင်သည့်အခန်းတွေဆီသို့ပြန်လာခဲ့ကြတော့သည်။ ပြီးနောက် ရေမိုးချိုးဖို့ပြင်ဆင်ကြလေသည်။ မင်သုံးသုံးဟာဆပ်ပြာ၊ရေချိုးခွက်နှင့်တဘက်ကိုယူကာ ရေချိုးဖို့သွားရန်ပြင်နေစဥ် တံခါးအပေါက်ဝရောက်တဲ့အခါမှာတော့ ရုတ်တရက် သူ့ရဲ့ကျောပြင်ငယ်အား အနောက်မှဆောင့်ကန်ခြင်းခံလိုက်ရကာ အခန်းပြင်သို့ဟွားကနဲမှောက်ရက်ကလေးပစ်လဲကျသွားလေတော့သည်။

"အာ့!"

"ဟားဟားဟားးး!"

မင်သုံးသုံးရဲ့နာကျင်စွာထွက်လာတဲ့အသံသေးသေးလေးအနောက်မှနေပြီး ဟားတိုက်လှောင်ရယ်သံတို့ကလိုက်ပါလာတော့သည်။ မင်သုံးသုံးကသူ့ကိုကန်လိုက်တဲ့ သူ့အခန်းဖော်ထောင်သားလေးယောက်ကိုလှည့်ကြည့်လိုက်သည်။ အဲထဲကမျက်နှာ၏ပါးပြင်ထက်မှာ ဓားရာအမာရွတ်နဲ့တစ်ယောက်ဖြင့်ထောင်သားက မင်သုံးသုံးထောင်ထဲစစရောက်ခြင်း စကားလာပြောသောတစ်ယောက်ဖြစ်သည်။ ထိုထောင်သားက မင်သုံးသုံးဆီသို့လျှောက်လာပြီး မင်သုံးသုံးရဲ့ပုခုံးကိုခြေထောက်ဖြင့်သုံးလေးချက်အသာကန်ကျောက်လာလျက်..

"ဟေ့..မနားမနေနဲ့အလုပ်လုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဘဝင်မောက်မနေနဲ့..မင်းကိုယ်မင်းဘာထင်နေလဲ!အသစ်ကအသစ်လိုနေစမ်းပါ..လူစိတ်ဝင်စားမှုကိုလိုချင်မနေနဲ့!လက်တောက်လောက်နဲ့ကိုများ ငါပိတ်ကန်လိုက်လို့ မင်းအမေဗိုက်ထဲပြန်ရောက်သွားမယ်.!ကြည့်နေကြည့်စား!"

မင်သုံးသုံးမှာထိုလူ့ရဲ့ပိတ်ကန်မှုကြောင့် လက်မောင်းကနာကျင်နေပေမဲ့ ဘာအမူအရာမှထုတ်မပြလာပေမဲ့ လက်ချောင်းလေးတို့ကတော့တုန်ရီနေကာ သူကခေါင်းလေးငုံ့၍သာငြိမ်နေတော့သည်။ တော်သေးတာက ထိုထောင်သားလေးယောက်က ဘာမှဆက်မလုပ်တော့ပဲ ရေချိုးဖို့ရန်ထွက်သွားတော့သည်။

ထိုအခါမှ မင်သုံးသုံးလည်း ပြုတ်ကျသွားတဲ့ဆပ်ပြာနဲ့ခွက်ကိုကောက်ကာ တဘက်ကိုပုခုံးလေးထက်တင်လိုက်ပြီး မတ်တပ်ထရပ်လိုက်တော့သည်။အခြားထောင်သားတွေက မင်သုံးသုံးတစ်ယောက်အနိုင်ကျင့်ခံရတာကိုမြင်ပေမဲ့ ဘယ်သူကမှကူညီပေးချင်စိတ်မရှိကြဘူး။ ထောင်တွေဆိုတာ အပြင်လောကကြီးလိုပဲ ကြီးနိုင်ငယ်ညှင်းပဲလေ၊မင်သုံးသုံးလိုအသစ်လည်းဖြစ် လူကောင်ကသေးသေးကွေးကွေးလေးဆိုတော့ အနိုင်ကျင့်ခံရတာကအထူးအဆန်းတွေမဟုတ်တော့ချေ။ ပြီးတော့ ထောင်ထဲကလူအများစုကထောင်ကျတာခြင်းတူညီပေမဲ့ အဆင့်အတန်းမတူကြဘူးလေ။ ဝင်ကူညီပေးလိုက်လို့ သူတို့တွေပါရောယောင်ပြီးတော့ အနိုင်ကျင့်ခံရမှာကိုလည်းကြောက်ကြသည်။

All i need to do is clear the mission and go home.Where stories live. Discover now