Arc - 1(I am a murderer)💔

748 54 2
                                    

Unicode

"သား..သားလေးကလိမ်မာတဲ့ကလေးမဟုတ်လား။ အဖေနဲ့အမေ့ရဲ့စကားကိုသေချာနားထောင်နော်။"

"ဟုတ်ကဲ့ပါ ဦးလေး"

"ဖေဖေလို့ခေါ်ရမယ်လေ"

ကောင်ငယ်လေးရဲ့အနက်ရောင်ဆံပင်များအောက်မှမျက်ဝန်းလေးတစ်စုံဟာ အနည်းငယ်ပြူးကျယ်လို့လာသည်။ ထိုနောက် အံ့သြတုန်ရီနေသောအသံလေးဖြင့်...
"တကယ်ခေါ်လို့ရတာလားဟင်?"

"ဒီကလေးကတော့..ဒါပေါ့ကွ..ငါကမင်းအဖေပဲလေ"ဟူ၍ကောင်ငယ်လေးရဲ့အဖေဖြစ်သူဟာ ကောင်ငယ်လေးရဲ့ခေါင်းကိုတယုတယဖြင့် ပွတ်သပ်ပေးလိုက်သည်။

ကောင်ငယ်လေးမှာ ပထမဆုံးထိုလူကြီးကိုအဖေဟုခေါ်ရတော့မှာဖြစ်ပြီး ထိုလူကြီးဆီမှနူးနူးညံပထမဆုံးအထိအတွေ့ခံရလိုက်တာကြောင့် ပျော်ရွှင်သွားတော့သည်။သို့သော် မျက်နှာထက်မှာတော့ အမူအယာတို့ကင်းမဲ့လို့နေလေ၏။ ကောင်ငယ်လေးကပျော်ရွှင်ပေမဲ့ ပြုံးရကောင်းမှန်းမသိချေ။

"ဖေဖေ"

"သားငယ်လေးကလိမ်မာလိုက်တာ၊ ခဏနေကြရင် လူအချို့ရောက်လာလိမ့်မယ်၊ သားငယ်လေးကအဲလူတွေနဲ့လိုက်သွားရမယ်နော်၊ သူတို့ဘာမေးမေး'ဟုတ်ကဲ့ ကျွန်တော်လုပ်တာပါ'လို့ပဲဖြေရမယ်နော်..ကြားလား"

"ဟုတ်ကဲ့ပါ ဖေဖေ"

"အဖေ့!!သူတို့ရောက်လာကြပြီ!!ဘယ်လိုလုပ်မလဲ..ဘယ်လိုလုပ်မလဲ!!အမေ..သားကိုကယ်ပါဦး!"

လူငယ်လေးတစ်ယောက်ရဲ့အသံကအိမ်ရှေ့ဧည့်ခန်းမှနေဟိန်းကနဲထွက်ပေါ်လာတော့သည်။ ထိုလူကြီးကမျက်မှောင်ကျုံ့သွားပြီးနောက် ကောင်ငယ်လေးရဲ့လက်မောင်းမှနေဆုတ်ကိုင်လိုက်ပြီးထခိုင်းလိုက်သည်။

"လာ..သားကိုလာခေါ်မဲ့လူတွေရောက်လာကြပြီ၊သွားကြရအောင်.."

"ဟုတ်ကဲ့ပါ ဖေဖေ"

ကောင်ငယ်လေးကသူ့ဆီမှာကံဆိုးခြင်းတွေရောက်ရှိလာတော့မည်ကိုမသိချေ၊ သူကသူ့အဖေရဲ့ဆွဲခေါ်ရာသို့လိုက်ပါသွားတော့သည်။ ဧည့်ခန်းသို့ရောက်တဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းကတော့ လူငယ်တစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်ဟာ အချင်းချင်းတင်းကျပ်စွာပွေ့ဖက်ထားကြသည်။

All i need to do is clear the mission and go home.Where stories live. Discover now