Arc - 2.2

320 49 3
                                    

Unicode

သူတို့တွေ ဂိုထောင်ထဲသို့ရောက်သွားခဲ့ပြီး အဲဒီဂိုထောင်ထဲမှာ အခြားလူသားတွေနဲ့အတူတူ နေထိုင်ခဲ့ရသည်။ အချို့က သူတို့ဘာဖြစ်မယ်ဆိုတာကိုမသိကြတာကြောင့် စိတ်ပူပန်နေကြသည်။ အချို့ကလည်း အသက်ရှင်ဖို့မျှော်လင့်ချက်မထားတော့တဲ့အတိုင်းပဲ အသက်မဲ့စွာနံရံကိုမှီကာငြိမ်နေကြသည်။

အဲဒီမှာ တစ်ယောက်ကတော့ ဂိုထောင်တံခါးကိုထုရိုက်နေပြီး သူ့ကိုလွှတ်ပေးဖို့ အော်ကြီးဟစ်ကျယ်ပြောဆိုနေတော့သည်။ နားငြီးလာတဲ့နောက်တစ်ယောက်က ထိုလူငယ်ကိုတားဆီးဖို့ပြင်လိုက်ပေမဲ့ အတွန်းထုတ်ခံလိုက်ရကာ ထိုအော်ဟစ်နေတဲ့လူငယ်က ပြောဆိုလာတော့သည်။

"ငါ့ကိုလာမထိနဲ့..ငါတို့ဘာဖြစ်မယ်ဆိုတာမင်းတို့မသိကြဘူးလား!!!အေး ငါတို့ကို သူတို့က သားရဲတွေဆီရောင်းစားပစ်ကြမှာကွ..သိလား!!!အဲဒီအချိန်ကျရင် ငါတို့ဘဝကငရဲလိုပဲဆိုးရွားမှုတွေကြုံလာတော့မှာ..အားး..ငါဘာလို့ထပ်ပြီးအဖမ်းခံရပြန်တာလဲ...ငါ့ကိုလွှတ်ပေး!!!!ငါ့ကိုလွှတ်ပေးကြ!!!"

ထိုလူငယ်က ဒီလူတွေထက် ဒီကမ္ဘာကိုအရင်ရောက်ခဲ့သူဖြစ်ပြီး သူ့ဟာခက်ခဲတဲ့ဘဝကိုကြုံခဲ့ရပြီးပြီဖြစ်သည်။

အခြားလူငယ်တွေမှာ ထိုလူငယ်ရဲ့သွေးပျက်ခြောက်လန့်စွာပြောဆိုနေသော စကားတို့ကြောင့် ကြောက်လန့်ကုန်ကြတော့သည်။ငိုယိုနေတဲ့လူတွေကလည်း ပိုပြီးကျယ်ကျယ်လောင်လောင်ငိုယိုလာကြသည်။ အချို့ကလည်း စိတ်ဓာတ်တွေကျကုန်တော့သည်။

ဂျော်နီကလည်း ကြောက်လန့်စွာ ရှိုက်ကြီးတငင်ဖြင့် ငိုယိုနေပြီး သူ့ကိုဂျော့ကချော့မော့နေပေမဲ့ ဂျော့ကိုယ်တိုင်လည်း ကြောက်လန့်မှုကြောင့် လက်ချောင်းတို့ကတုန်ရီနေသည်။ ဆမ်မီဟာ ထိုလူငယ်လေးတွေကိုကြည့်ပြီး အနေရခက်စွာသူ့ပါးပြင်ကိုအသာလေးကုတ်လိုက်သည်။

'ကျွန်တော်ရော သူတို့နဲ့အတူတူ ငိုပေးရမလားဟင်?'

[....]

သူ့တွဲဖက်ကဘာမှပြန်မဖြေလာဘူး။ အဲဒီအချိန်မှာပဲ သူ့ဘေးမှနေ အသံထွက်ပေါ်လာသည်။

All i need to do is clear the mission and go home.Where stories live. Discover now