Arc - 4.2

307 45 1
                                    

Unicode

"ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲမေးမယ်..။မင်းကျွန်တော့်ကိုကော်ဖီသောက်ဖို့ဖိတ်တာက တကယ်ပဲကော်ဖီပဲသောက်ချင်ရုံတော့မဟုတ်ဘူးမလား"

ဝသုန်ဦးက strawberrie milk shakeကိုတစ်ငုံသောက်လိုက်သည်။ မူလဝသုန်ဦးက strawberrie milk shakeကိုအရမ်းကြိုက်သည်။သူလည်းအချိုကြိုက်တာကြောင့် သူ့အကြိုက်နဲ့ကွက်တိပဲ။

နေသွေးခန့်က strawberrie milk shakeကိုနှစ်ခြိုင့်စွာသောက်လိုက်သော ဝသုန်ဦးကြောင့် ပြုံးလိုက်မိသည်။ အချိုကြိုက်တယ်ထင်ပါရဲ့၊ချစ်ဖို့ကောင်းလိုက်တာ။

ထိုနောက် နေသွေးခန့်ဟာ ဝသုန်ဦးရဲ့မေးခွန်းကိုဖြေလိုက်သည်။

"မင်းအထင်လွဲနေတာပဲ၊ ကိုယ်တကယ်ပဲ မင်းကိုကော်ဖီတိုက်ချင်လို့ဖိတ်ခေါ်တာပါ။ အခြားဘာအကြံအစည်မှမရှိဘူး..ဒါကြောင့် စိတ်မပူပါနဲ့..ဒါပေမဲ့"

"???"

"တကယ်လို့ မင်းဘက်က၊ကလဲ့စားချေဖို့ အကြံအချို့ရှိတယ်ဆိုရင်တော့ ကိုယ်ကကူညီအားဖြည့်ပေးချင်တယ်"

"...."

ဝသုန်ဦး သူ့ရှေ့ကနေသွေးခန့်ကိုစိုက်ကြည့်လိုက်သည်။ မူလဇာတ်ကြောင်းမှာ နေသွေးခန့်နဲ့ဝသုန်ဦးက လုံးဝတွေ့ဆုံခြင်းမရှိခဲ့ဖူးဘူးမလား။ အခုလိုပေါ်ထွက်လာပြီး သူ့ကိုကူညီပေးမယ်ဆိုပြီး လာပြောနေတာက နည်းနည်းတော့ထူးဆန်းနေသည်။ သူ့ပစ်မှတ်ဆိုတာ အသာထားဦး၊နေသွေးခန့်ကအဓိကဇာတ်ဆောင်ဖြစ်တာကြောင့် ဇာတ်လိုက်ကိုသူကကလဲ့စားချေချင်တယ်ဆိုရင် တကယ်ပဲလက်ခံပါ့မလား။ အရှေ့ကအဓိကဇာတ်ဆောင်တွေလိုမျိုး သူ့ကိုမုန်းတီးပြီး ပြဿနာရှာလာခဲ့ရင်ရော၊ ဒါဆိုရင်တော့ နှစ်သက်မှုရာခိုင်နှုန်းတွေကို ဆုံးရှုံးကုန်မှာသေချာသည်။

"ကူညီမယ်?ကျွန်တော်ဘာလုပ်ချင်တယ်ဆိုတာကိုရောသိလို့လား?"

"ကိုယ်မသိပါဘူး..ဒါပေမဲ့ ကိုယ်ကူညီပေးချင်တယ်။ အမှန်အတိုင်းပြောရမလား၊ ကိုယ်ကမင်းကိုအရမ်းချစ်တဲ့ မင်းရဲ့big fanလေ"

"..."

"မယုံဘူးလား?ဒါဆို ကိုယ်ပြမယ် ဒီမှာကြည့်လိုက်"

All i need to do is clear the mission and go home.Where stories live. Discover now