Arc - 2[To survive, the male lead must be treated well]

401 51 9
                                    

Unicode

"ဟင့် ငါတို့ဘယ်လိုလုပ်ကြမလဲ!ဘယ်ကိုရောက်နေသလဲဆိုတာလဲမသိရဘူး..!ငါကြောက်တယ်!"

"စိတ်အေးအေးထားပါ ဂျော်နီ..ငါတို့အရင်ဆုံး ဒီနေရာကထွက်သွားကြမယ်"

"ဟေ့ ဒီဖက်မှာလမ်းရှိတယ်။ အမြန်လာကြည့်ကြ!"

အပြာနုရောင်ဆံနွယ်တို့ရှိသော လူငယ်လေးက မြေကြီးပေါ်မှာထိုင်ကာငိုယိုနေတဲ့လူငယ်လေးနှင့် ထိုလူငယ်လေးကိုချော့မော့နေသော လူငယ်လေးအနားကိုပြေးသွားကာ ပြောလိုက်သည်။ သူကပြေးလာရတာကြောင့် မောဟိုက်နေပြီး နဖူးထက်မှချွေးစေးတို့ကို လက်ခုံလေးဖြင့်သုတ်လိုက်သည်။

"လမ်း?ငါတို့ဘယ်ကိုရောက်နေသလဲမသိရသေးဘူး..လမ်းမပေါ်ကပိုပြီးအန္တရာယ်မများဘူးလား?"ဟူ၍ ငိုယိုနေတဲ့လူငယ်လေးကိုချော့မော့နေခဲ့တဲ့ အနက်ရောင်ဆံနွယ်တို့ကိုပိုင်ဆိုင်ထားတဲ့ လူငယ်လေးကပြောလိုက်သည်။

"ဒါပေမဲ့ ဘယ်ကိုရောက်နေလဲသိချင်ရင် တစ်ယောက်ယောက်ကိုမေးကြည့်ရမှာပဲလေ!အမြန်လာကြစမ်းပါ..အမှောင်ထဲမှာနေနေလို့ ဘယ်သူမှလာမကယ်ဘူး!တကယ်လို့ ဒီမှာနေခဲ့ချင်တယ်ဆိုလည်း နေခဲ့ကြ!ငါအတင်းအကျပ်ခေါ်မနေဘူး!"

အပြာနုရောင်ဆံပင်နှင့်လူငယ်လေးရဲ့စကားတို့ကကြမ်းတမ်းနေပေမဲ့ စိတ်ရင်းတော့မပါချေ။ ဘာလို့ဆိုရင် သူကထိုသို့ပြောပေမဲ့ မထွက်သွားပဲနဲ့ ထိုလူငယ်လေးနှစ်ယောက်ကိုစောင့်နေလေသည်။

ထိုအခါ အနက်ရောင်ဆံပင်နှင့်လူငယ်လေးက မတ်တပ်ထရပ်လိုက်ပြီး ချက်ချင်းပြောတော့သည်။

"လိုက်မယ်။ ငါတို့တကွဲတပြားဖြစ်ရင် ပိုပြီးအခြေအနေဆိုးလိမ့်မယ်..ဂျော်နီ..ထ..ငါတို့သွားကြမယ်"ဟု သူကမြေကြီးမှာထိုင်နေတဲ့လူငယ်လေးကိုလည်း လက်ကမ်းပေးကာ ခေါ်လိုက်သည်။

"အ အဆင်ပြေပါ့မလား..တစ်ခုခုနဲ့ကြုံရင်ဘယ်လိုလုပ်မလဲ?"

ပန်းရောင်ဆံပင်နှင့်လူငယ်လေးက တုန်တုန်ရီရီဖြင့်မေးလာပေမဲ့ သူ့ကိုလက်ကမ်းပေးထားတဲ့လူငယ်ရဲ့လက်ကိုတော့ ဆုတ်ကိုင်ကာ မတ်တပ်ထလိုက်သည်။

All i need to do is clear the mission and go home.Where stories live. Discover now