Arc - 3[Clear the misunderstanding into the zombies world.]

218 33 0
                                    

Unicode

"..ထယ်..ဂျောင်ထယ်..မစ္စတာ.လီဂျောင်ထယ်!"

လီဂျောင်ထယ်တစ်ယောက် သူ့နာမည်ခေါ်သံကိုကြားလိုက်ရပြီး ခေါင်းမှနာကျင်မှုဖြင့်နိုးလာတော့သည်။ သူကုန်းရုန်းကာထလိုက်ပြီး သူ့အရှေ့ကငုတ်တုတ်ထိုင်နေသူကိုကြည့်လိုက်ပြီးနောက် ရင်းနှီးတဲ့မျက်နှာကိုမြင်တော့ ဒေါသထွက်သွားလေသည်။

"မင်း!!!အိုဂျယ်ဟွန်း!ငါ့ခေါင်းကိုရိုက်ပြီး ဘာလို့ပြေးသွားတာလဲကွ!"

ဂျယ်ဟွန်းတစ်ယောက် အပြစ်ရှိစိတ်ဖြင့် ခေါင်းလေးကိုငုံ့ချထားကာ လက်ကလေးနှစ်ဖက်ကိုပွတ်ချေလျက် အသံသေးသေးလေးဖြင့်ပြောလာသည်။

"ကျွန်တော်တောင်းပန်ပါတယ်"

လီဂျောင်ထယ်က အိုဂျယ်ဟွန်းရဲ့ပုံစံကြောင့် အော်မိတဲ့အတွက် အားနာမိသွားပေမဲ့ နောက်တော့ သူ့အမှားမဟုတ်တာကြောင့် မျက်နှာကိုချက်ချင်းပြန်တင်းကာ အိုဂျယ်ဟွန်းရဲ့နက်ကတိုင်ကိုဆောင့်ဆွဲလိုက်ပြီး..

"တောင်းပန်ရုံနဲ့ပြီးမလား!ဘာရည်ရွယ်ချက်နဲ့..ငါ့ကိုသတ်ဖို့ကြိုးစားရတာလဲ!!မဟုတ်မှလွဲရော..ဟယ်ဗြောကြောင့်လား!"

"???"

"မသိသလိုလုပ်မနေနဲ့..ဟယ်ဗြောကိုမင်းကြိုက်နေတာကို ငါသိတယ်!ဒါကြောင့် မင်းငါ့ကိုလုပ်ကြံပြီး ဟယ်ဗြောကိုငါ့ဆီကလုယူဖို့မလားကွ!!"

[ပစ်မှတ်၏နှစ်သက်မှုရာခိုင်နှုန်း -20]

'ဘယ်လိုလုပ်ရမလဲနော်..'

[ဘယ်လိုပဲဖြစ်ဖြစ် သူယုံကြည်သွားအောင် လိမ်ညာပြီး လုပ်ကြံဇာတ်ဖန်တီးကွာ!]ဟူ၍အလေးထောင့်က အကောင်းစားအကြံဉာဏ်ပေးလာလေသည်။

အဲဒီနောက် အိုဂျယ်ဟွန်းဟာ တအံတသြဖြင့် လီဂျောင်ထယ်ကိုကြည့်လိုက်ပြီး..
"ဗျာ?ကျွန်တော်က မစ္စတာဟယ်ဗြောကိုကြိုက်နေတာ?မဟုတ်တာ..ကျွန်တော်မစ္စတာဟယ်ဗြောကိုမကြိုက်ပါဘူး။ဘယ်သူကအဲဒါကိုပြောတာလဲ?"

"ဟယ်-"

လီဂျောင်ထယ်က သူ့ချစ်သူနာမည်ကိုပြောမလို့ပြင်လိုက်ပြီးကာမှ ချစ်သူဆီကိုပြဿနာတွေဆက်မနွယ်စေချင်တာကြောင့် ရပ်တန့်လိုက်ပြီး..

All i need to do is clear the mission and go home.Where stories live. Discover now