Arc - 2.6

258 46 0
                                    

Unicode

ခရစ်ကဆမ်မီရဲ့လက်လေးကိုအသာဆုတ်ကိုင်ပြီး သူ့အနားကိုဆွဲခေါ်လိုက်ကာ ခါးကိုပွေ့ပိုက်လိုက်ပြီး အခြားသားရဲတွေကို ဆမ်မီကသူ့အပိုင်ဖြစ်သွားပြီဖြစ်ကြောင်းပြသလိုက်သည်။ ဆမ်မီ့ကိုလိုချင်နေကြသော သားရဲလူသားအချို့က ချက်ချင်းအကြည့်လွဲသွားကြတော့သည်။

"ဆမ်..သွားရအောင်"

ခရစ်ရဲ့အသံကအလွန်နူးညံ့လှသည်။ ဆမ်မီမှာခဏငေးမောမိသွားပြီးမှ အသိပြန်ဝင်လာကာ သူကဂျော့ကိုကြည့်လိုက်ပြီး ခရစ်ကိုပြောလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းကရော..ဘယ်လိုလုပ်မှာလဲဗျ?"

ခရစ်က ပြုံးနေဆဲဖြစ်ကာ သူကဆမ်မီ့ရဲ့ဆံပင်လေးကိုထိတွေ့ကာ နမ်းရှိုက်လိုက်ပြီး..
"သူ့အတွက်စိတ်မပူပါနဲ့..သူအဆင်ပြေသွားမှာပါ"

ဆမ်မီလည်း ခေါင်းညိတ်လိုက်ကာ ဂျော့ကိုလှမ်းကြည့်ရင်း ခရစ်နဲ့အတူလိုက်ပါသွားတော့သည်။ ဂျော့ကလည်း ဆမ်မီ့ကိုကြည့်နေကာ မျက်ဝန်းထဲ၌စိတ်ပူနေသည့်အရိပ်အယောင်တွေရှိနေသေးပေမဲ့ ဆမ်မီ့ကိုခေါ်သွားတဲ့သားရဲလူသားက ဆမ်မီ့အားချစ်ခင်မြတ်နိုးနေပုံကိုမြင်ရတော့ စိတ်သက်သာရာရသွားသည်။ ဂျော်နီကတော့ လက်သီးကိုစုတ်ထားပြီး မနာလိုမှုတို့ဖြင့် ဆမ်မီ့ကိုကြည့်လို့နေသည်။ အမှန်တကယ်ဆို အဲဒီနေရာကသူ့နေရာဖြစ်သင့်တာဟူ၍ ဂျော်နီကတွေးနေသည်။

ထိုအချိန်မှာပဲ ဆမ်မီ့ကိုခေါ်သွားတဲ့ထိုသားရဲလူသားနှင့်အတူပါလာတဲ့ နောက်ထပ်ချောမောလှပသော သားရဲလူသားနှစ်ဦးက သူ့ဆီသို့ချဥ်းကပ်လာလေသည်။ ခုဏကသားရဲလူသားက မျက်လုံးကန်းနေလို့ သူ့ကိုမြင်ပဲကျော်သွားပေမဲ့ ဒီသားရဲလူသားနှစ်ယောက်ကတော့ သူ့ကိုရွေးချယ်လိမ့်မှာသေချာသည်။ ဆမ်မီ့ကိုရွေးချယ်သွားတဲ့သားရဲလူသားကိုမရလည်းဘာဖြစ်လဲ၊ဒီသားရဲလူသားနှစ်ယောက်ကျန်နေသေးတာပဲ။ ဖြစ်နိုင်ရင် ဒီသားရဲလူသားနှစ်ယောက်စလုံး သူ့ကိုအပြိုင်လုယူကြရင် ပိုပြီးတောင်ကောင်းသေးသည်။

ဂျော်နီက ချစ်စဖွယ်အပြုံးလေးဖြင့် ထိုသားရဲလူသားနှစ်ယောက်ကိုကြည့်နေသည်။ အရှေ့ကအရင်လျှောက်လှမ်းလာတဲ့သားရဲလူသားဟာ ဂျော်နီဆီလျှောက်လာပြီးမှ ဂျော်နီရဲ့ခေါင်းမှနေကိုင်ကာ ဂျော်နီ့ကိုတစ်ဖက်သို့တွန်းထုတ်လိုက်လေသည်။

All i need to do is clear the mission and go home.Where stories live. Discover now