Arc - 3.1

213 38 0
                                    

Unicode

"ငါတို့ဒီမှာပဲအမြဲတမ်းနေသွားလို့မရဘူးဆိုတော့ အပေါ်ဆုံးရဲ့ခေါင်မိုးထပ်ကိုသွားကြရအောင်၊အဲဒီမှာဆိုရင် ကယ်ဆယ်ရေးတွေလည်း ငါတို့ကိုမြင်မှာပဲ.."

ဂျွန်ဆော့ဟုအမည်ရတဲ့ဝန်ထမ်းက စတင်ပြီးပြောလာတော့သည်။ ထိုဝန်ထမ်းက ရုပ်ရည်အသင့်အတင့်ရှိပြီး အရပ်ရှည်ကာ ကြည့်ကောင်းတဲ့အထဲမှာပါဝင်သည်။

ကျန်နဲ့လူတွေကလည်း ဂျွန်ဆော့ရဲ့စကားကိုထောက်ခံကြသည်။ ပတ်ဟယ်ဗြောဟာ အကုန်လုံးကိုကြည့်ပြီးနောက် ပြုံးကာ သူ့အကြံကိုဝင်ပြောသည်။

"စတိုခန်းနဲ့ဓာတ်လှေကားက သိပ်မဝေးဘူးမလား၊ ငါတို့ဓာတ်လှေကားနဲ့ပဲအမြန်ဆုံးသွားရအောင်..အဲဒါဆို ပိုပြီးမြန်မြန်ရောက်မှာပဲ.."

လီဂျောင်ထယ်က ထိုအကြံကိုသိပ်မထောက်ခံချင်ဘူး။ ဒါပေမဲ့ သူကဟယ်ဗြောရဲ့အကြံကိုလည်း မငြင်းပယ်ချင်တာကြောင့် ငြိမ်နေလိုက်သည်။ ကျန်တဲ့ သုံးယောက်ကလည်း များများစားစားမတွေးကြပဲ ဟယ်ဗြောရဲ့အကြံကိုထောက်ခံကြသည်။ ဟယ်ဗြောကတော့ လူတိုင်းကသူ့အကြံကိုထောက်ခံတာကိုမြင်တော့ အနည်းငယ်တော့ဘဝင်မြင့်သွားကာ သူကအရေးပါတဲ့လူတစ်ယောက်လိုခံစားနေရတော့သည်။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ အိုဂျယ်ဟွန်းက သူတို့အနားကိုလျှောက်လာလျက်..

"ဟို..ကျွန်တော်နည်းနည်းလောက်ဝင်ပြောချင်လို့.."

အကုန်လုံးက အိုဂျယ်ဟွန်းကိုလှည့်ကြည့်လိုက်ကြသည်။ ပတ်ဟယ်ဗြောက မျက်မှောင်ကိုကြုတ်ထားလျက် ဘာဝင်နှောင့်ယှက်တာလဲဆိုတဲ့သဘောဖြင့် အိုဂျယ်ဟွန်းကိုကြည့်လိုက်သည်။ ကျန်တဲ့သုံးယောက်က ဘာမှမပြောပဲ အိုဂျယ်ဟွန်းကိုကြည့်နေကြသည်။ လီဂျောင်ထယ်က အိုဂျယ်ဟွန်းကိုခေါင်းညိတ်ပြလိုက်သည်။

"မင်းပြောလေ.."

"ဟုတ်..ဓာတ်လှေကားကနေသွားတာက နည်းနည်းအန္တရာယ်များတယ်မထင်ဘူးလား။ ဘာလို့လဲဆိုရင် ဓာတ်လှေကားဖွင့်လိုက်ရင် ဇွန်ဘီတွေက ဓာတ်လှေကားရှေ့မှာရှိနေနိုင်တဲ့အတွက် အန္တရာယ်များပါတယ်။ဒါကြောင့်..အရေးပေါ်လှေကားကနေသွားတာပိုမကောင်းဘူးလာဗျ..အရေးပေါ်လှေကားကနေဆိုလည်း ခေါင်မိုးထပ်ကိုချက်ချင်းရောက်နိုင်တာပဲ၊ပြီးတော့ ပိုပြီးလုံခြုံမှုရှိတယ်.."

All i need to do is clear the mission and go home.Where stories live. Discover now