Arc - 2.9

248 39 0
                                    

Unicode

ဂျော်နီက အိုင်းစက်ရဲ့လက်မောင်းကိုပွေ့ဖက်လိုက်ပြီး တောင်းဆိုလိုက်သည်။

"သခင်အိုင်းစက်..ကျွန်တော့်သူငယ်ချင်းကိုသွားနှုတ်ဆက်ချင်လို့ပါ.."

"မင်းရဲ့သူငယ်ချင်း?"

"ဟိုမှာလေ.."

အိုင်းစက်က ဂျော်နီလက်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်ပြီး ခရစ်ဘေးနားက ချစ်စရာကောင်းတဲ့လူသားလေးကိုမြင်လိုက်သည်။ အဲဒီနောက် အမွှာနှစ်ယောက်ဘေးမှာရပ်နေတဲ့ လူသားလေးကိုလည်းမြင်လိုက်ပြီး သူဟာ ဂျော်နီ့ကိုမေးလိုက်သည်။

"ဘေးကတစ်ယောက်က မင်းကိုအနိုင်ကျင့်တယ်ဆိုတဲ့လူသားမဟုတ်လား၊ ဒါဆို ဟိုကောင်လေးကလည်း မင်းကိုအနိုင်ကျင့်တဲ့သူပဲလား"

ဂျော်နီကမျက်နှာလေးကိုငယ်လိုက်ပြီး..
"သူတို့ဘယ်လိုပဲအနိုင်ကျင့်ပါစေ ကျွန်တော်ကတော့သူတို့ကိုခင်တွယ်ပါတယ်ဗျာ၊ ဒါကြောင့် သူတို့အနိုင်ကျင့်သမျှကိုကျွန်တော်ခွင့်လွှတ်ပေးတယ်.."

အိုင်းစက်က ဂျော်နီရဲ့မျက်နှာလေးကိုတယုတယပွတ်သပ်လိုက်ပြီး..

"မင်းကတကယ်ကိုကြင်နာပြီးဖြူစင်လွန်းတယ်၊ ဒါကြောင့်ကိုယ်ကမင်းကိုသဘောကျတာ..။ လာပါ..မင်းတွေ့ချင်တယ်ဆိုတော့လည်း သွားတွေ့တာပေါ့ စိတ်မပူနဲ့နော် အနောက်မှာ ကိုယ်ရှိတယ်.."

"သခင်အိုင်းစက်မလိုက်ပါနဲ့လား၊ တော်ကြာနေ..သူတို့က ကျွန်တော့်ကိုလှောင်ပြောင်လို့ သခင့်ကိုပါရောပြီး လိုက်လှောင်ပြောင်နေဦးမယ်။ ကျွန်တော်သခင်ကိုအထင်သေးတာမဟုတ်ပေမဲ့ သူတို့ကအာဏာမြင့်တဲ့သားရဲတွေကိုပိုင်ဆိုင်ထားတော့ သူတို့သားရဲတွေရဲ့အာဏာကိုအသုံးချမှာပဲလေ...ကျွန်တော်က သခင့်ကိုဒုက္ခမရောက်စေချင်ဘူး...နော်"

အိုင်းစက်က သူ့အပေါ်တွေးပေးတဲ့ဂျော်နီကြောင့် ရင်ထဲထိသွားလေသည်။ သူကဂျော်နီ့ရဲ့ခေါင်းကို အစာပုတ်လိုက်ပြီး ဂျော်နီ့အကြံကိုလက်ခံလိုက်သည်။အဲဒီနောက် ဂျော်နီက ခပ်ကျုံ့ကျုံ့လေးဖြင့် ဆမ်မီတို့ဆီသို့သွားလိုက်တော့သည်။ သူကအပြင်ပန်းမှာတော့ သနားကမားလုပ်ထားပေမဲ့ စိတ်ထဲမှာတော့အကြံဉာဏ်တွေထုတ်နေလေသည်။

All i need to do is clear the mission and go home.Where stories live. Discover now