Arc - 1.7

523 62 7
                                    

Unicode

"ယုန်ပေါက် 'သူ'ဆိုတာဘယ်သူလဲ?"

"...."

ယုန်ပေါက်ကပြန်မဖြေလာပဲ ခေါင်းအုံးကိုပြန်ယူကာ ပွေ့ပိုက်လာပြီး ခေါင်းလေးကိုတစ်ဖက်သို့လှည့်ကာ သူ့ကိုလျစ်လျူရှုသွားသည်။ ဝမ်ဟိုင်ထျန်းမှာစိတ်ရှည်ရှည်နှင့်ထပ်မေးလိုက်သည်။

"ပြောလေ ယုန်ပေါက်..'သူ'ဆိုတာကဘယ်သူလဲလို့?မင်းဖြေမှရမယ်လေ၊ ဒါမှ မင်းထောင်ကလွတ်မှာနော်..မဟုတ်ရင် မင်းထောင်ထဲမှာအရိုးဆွေးသွားရတော့မှာ"ဟူ၍လည်း ဝမ်ဟိုင်ထျန်းကအနည်းငယ်ခြိမ်းခြောက်လိုက်သည်။ ဒါပေမဲ့လည်း ဒါကအမှန်တရားပဲလေ၊ တရားခံအစစ်ကိုမဖော်ထုတ်နိုင်ရင် မင်သုံးသုံးကထောင်ထဲမှာအရိုးဆွေးသွားရတော့မှာဖြစ့သည်။

"...."

ဒါပေမဲ့ ယုန်ပေါက်ကသူ့ခြိမ်းခြောက်မှုကို အဖတ်မလုပ်ပဲ ခေါင်းအုံးကိုပွေ့ပိုက်ရင်း အိပ်ရာပေါ်သို့လှဲချသွားကာ သူ့ကိုပင်ကျောပေးသွားသည်။ ပြောချင်တဲ့သဘောက သူမဖြေနိုင်ပါဘူးပေါ့။ ဝမ်ဟိုင်ထျန်းမှာ သက်ပြင်းချလိုက်သည်။ နဂိုဆိုရင်တော့ လူတစ်ယောက်ကိုမေးခွန်းမေးရမဲ့အလုပ်မျိုးကို သူ့လက်အောက်ငယ်သားတွေကသာလုပ်ဆောင်သည် ၊သူကိုယ်တိုင်လုပ်ခဲ့ရင်လည်း အခုလောက်ထိစိတ်ရှည်နေမှာမဟုတ်ပဲ လက်(ရိုက်နှက်)နှင့်သာမေးလေ့ရှိသည်။

ထူးထူးဆန်းဆန်း ယုန်ပေါက်ကိုတော့ စိတ်ရှည်သည်းခံချင်မိသည်။ နာကျင်အောင်လည်း သူ့မှာမလုပ်ရက်ပြန်ဘူး၊ဒါကြောင့် ယုန်ပေါက်ကမဖြေချင်ဘူးဆိုတော့လည်း သူအတင်းအကျပ်မေးမနေတော့ဘူး။

ယုန်ပေါက်မဖြေတာနဲ့ပဲ တရားခံအစစ်ကိုသူကမသိနိုင်တော့ဘူးထင်နေလား။ ဝမ်ဟိုင်ထျန်းကပြုံးလိုက်ပြီး...

"မင်းမဖြေလဲနေပေါ့..မင်းမဖြေတာနဲ့ပဲ ကိုယ်ကမသိနိုင်တော့ဘူးလို့ထင်နေလား?ဒါဆိုရင်တော့မှားသွားပြီနော်..ကိုယ်ကဘယ်လောက်ထိအင်အားကြီးတယ်ထင်လဲ..ကိုယ့်ဘာသာစုံစမ်းပြီး တရားခံအစစ်ကိုဖော်ထုတ်နိုင်တယ်ကွ.."

"!!!"

ယုန်ပေါက်ကိုယ်လေးကတွန့်ကနဲဖြစ်သွားကာ ချက်ချင်းထလာပြီး ရုပ်တည်လေးဖြင့်ပြောဆိုကာ သူ့ကိုတားဆီးလာသည်။

All i need to do is clear the mission and go home.Where stories live. Discover now