Arc - 2.11

214 32 0
                                    

Unicode

သားရဲလူသားအချို့က ခရစ်နဲ့အမွှာနှစ်ယောက်ကို စကားလက်ဆုံကြဖို့ခေါ်ဆောင်သွားကြသည်။ တစ်ဖက်မှာ ဂျော့နဲ့ဆမ်မီဟာတော့ မုန့်စားနေကြပြီး သူတို့ဘေးမှာ အခြားလူသားတွေလည်းရှိနေကြသည်။

"ငါ့ရဲ့သခင်က ငါ့အတွက်ဒီလှပတဲ့ဆွဲကြိုးလေးဝယ်ပေးထားတာ..လှတယ်မလား"

"ဒီနေ့ပွဲတက်ဝတ်စုံက ငါ့သခင်က ငါ့အတွက်သီးသန့်မှာပေးထားတာလေ..ငါနဲ့လိုက်တယ်မလား"

"ငါကတော့ ဒီမတိုင်ခင်မှာ ငါ့သခင်ဆီကအချစ်တွေအများကြီးရခဲ့တယ်.."

လူသားလေးတွေက သူတို့ရဲ့သခင်တွေကဘယ်လောက်ကောင်းကြောင်းကို တစ်ယောက်နဲ့တစ်ယောက်ကြွားဝါနေကြတော့သည်။ တစ်ယောက်က ဆမ်မီနဲ့ဂျော့ကိုကြည့်လာကာ တောက်ပနေတဲ့မျက်လုံးတွေဖြင့်မေးလာသည်။

"မင်းတို့ကလည်ပတ်လည်းမရှိဘူးနော်၊ ကြည့်ရတာ မင်းတို့သားရဲက မင်းတို့ကိုတွဲဖက်အဖြစ်သတ်မှတ်ထားလို့ထင်တယ်..အားကျလိုက်တာ"

"ဟုတ်ပါ့...အရမ်းအားကျဖို့ကောင်းတယ်!"

ဂျော့နဲ့ဆမ်မီကတော့ ဘာမှပြန်မပြောပဲ ပြုံးလျက်သာတုန့်ပြန်လိုက်ကြသည်။ အဲဒီအချိန်မှာပဲ လူသားလေးတစ်ယောက်က သူတို့အနားကိုအလောတကြီးပြေးလာရပ်သည်။ ထိုနောက် သူကသက်ပြင်းမောချကာ ပြောလာသည်။

"ငါခုနက သန့်စင်ခန်းသွားရင်း လူသားတစ်ယောက်ကို သားရဲအချို့ကဖမ်းဆီးသွားတာမြင်ခဲ့တယ်၊ သူတို့က ငါ့ကိုမြင်တော့ ငါ့ကိုပါဖမ်းချုပ်ကြမလို့ပြင်လာပေမဲ့ ငါလန့်ဖြန့်ပြီးထွက်ပြေးလာခဲ့တာ..သူတို့နဲ့ပါသွားတဲ့အဲဒီလူသားကတော့ သနားစရာပဲ"

ဂျော့နဲ့ဆမ်မီက မျက်မှောင်ကြုတ်သွားကြတော့သည်။ ဂျော့က ထိုလူသားရဲ့လက်မောင်းကိုဆုတ်ကိုင်လိုက်ပြီး သေချာမေးလိုက်သည်။

"အဲဒီလူသားကဘယ်လိုပုံစံလဲ?"

"ဒီနေ့မွေးနေ့ပွဲကျင်းပတဲ့သားရဲရဲ့လိင်ကျွန်ပဲ..."

ဂျော့ကအငြိမ်မနေနိုင်ပဲ ဆမ်မီ့ကိုပြောလိုက်သည်။

"ဆမ်..မင်းကအမွှာနှစ်ယောက်ကိုအသိပေးလိုက်၊ငါအဲကောင်လေးကိုသွားကယ်လိုက်ဦးမယ်.."

All i need to do is clear the mission and go home.Where stories live. Discover now