Arc - 2.1

339 49 4
                                    

Unicode

မိုးနတ်သားဝင်ရောက်ထားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဟာတော့ ဆမ်မီလို့ခေါ်တဲ့လူငယ်လေးပဲ။ ဆမ်မီက ဒီကမ္ဘာရဲ့သာမန်ဇာတ်ကောင်လေးသာဖြစ်သည်။ ဒီကမ္ဘာရဲ့အဓိကဇာတ်လိုက်နဲ့အဓိကဇာတ်ကောင်ဟာ ဆမ်မီရဲ့အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျော်နီနဲ့ နောက်ထပ် သားရဲလူသားဖြစ်တဲ့ဇာတ်လိုက်ပဲဖြစ်သည်။ ဂျော့ခရက်ဟာလည်း ဆမ်မီ့လိုသာမန်ဇာတ်ကောင်သာဖြစ်သည်။

ဆမ်မီ၊ဂျော့နဲ့ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ဂျော်နီနဲ့ကတော့ ကြီးပြင်းလာမှခင်မင်သွားကြခြင်းဖြစ်သည်။ တစ်နေ့မှာ ကျူရှင်မှနေအိမ်သို့ သုံးယောက်အတူပြန်လာရင်း လမ်းအလယ်မှာထွက်ပေါ်လာတဲ့အလင်းရောင်တစ်ခုက သူတို့သုံးယောက်စလုံးကိုဝါးမျိုသွားခဲ့ကာ အခြားကမ္ဘာတစ်ခုဆီသို့ရောက်ရှိသွားကြသည်။

ထိုကမ္ဘာဟာ သားရဲကမ္ဘာဖြစ်ပြီး လူ့ကမ္ဘာမှာရှိတဲ့ လူသားတွေဟာ ဒီသားရဲကမ္ဘာကို နှစ်တိုင်းအခေါ်ဆောင်ခံရသည်။ ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှမသိကြဘူး။ သားရဲကမ္ဘာဖြစ်တာကြောင့် လူသားဆိုတာရှားပါးသလို အဖိုးတန်လေသည်။ အချို့လူသားတွေက ကံကောင်းပြီး ကောင်းမွန်တဲ့သားရဲလူသားနဲ့တွေ့ကာ ကောင်းကောင်းမွန်မွန်နေထိုင်ခွင့်ရကြသည်။ အချို့လူသားတွေကတော့ အခုဆမ်မီတို့အဖမ်းခံရသလိုပဲ လူသားဖမ်းတဲ့မုဆိုးတွေထံမှအဖမ်းခံရကာ တစ်ချို့က ချမ်းသာတဲ့အိမ်တော်ဆီသို့လိင်ကျွန်အဖြစ်ပို့ဆောင်ခံရပြီး အချို့ကလေလံရုံသို့ပို့ဆောင်ခံရကာ ရောင်းချခံရသည်။

သားရဲလူသားတွေဟာ လူသားစစ်စစ်နှင့်လိင်ဆက်ဆံရင် ခံစားချက်ပိုပြီးကောင်းမွန်ကာ သူတို့ကိုပိုသန်မာစေတယ်ဟုဆိုကြသည်။ ဒါကြောင့် လူသားတွေက သားရဲလူသားတွေရဲ့ လိင်ကျွန်တွေဖြစ်လာရသည်။

အဓိကဇာတ်ကောင်နှင့်သူ့သူငယ်ချင်းနှစ်ယောက်က မုဆိုးနှစ်ယောက်ရဲ့အဖမ်းခံလိုက်ရပြီး လူသားတွေကိုဖမ်းဆီးချုပ်နှောင်ထားတဲ့ လှောင်ခြိုင့်ကြီးထဲမှာပိတ်လှောင်ခံထားရသည်။ အဲဒီမှာပဲ ကြင်နာသနားတတ်တဲ့အဓိကဇာတ်ကောင်ဟာ သနားစရာကောင်းတဲ့လူငယ်လေးတစ်ယောက်ကို ကူညီဖေးမကာ ကြင်နာသနားပေးရင်း ခင်မင်သွားခဲ့သည်။ ဖြစ်ချင်တော့ ထိုလူငယ်လေးက အခြားသူမဟုတ်ပဲ ဒီပမ္ဘာရဲ့အဓိကဇာတ်လိုက်ဖြစ်နေသည်။ အဓိကဇာတ်လိုက်က အမြှီးကိုးချောင်းမြေခွေးသားရဲဖြစ်ပြီး သူဟာလူငယ်ပံသြဏ္ဠာန်ပြောင်းလဲကာ လူသားတွေနဲ့အတူတမင်အဖမ်းခံပြီး သူ့ရဲ့ဖူးစာဖက်ကိုရှာဖွေရခြင်းကိုနှစ်သက်သည်။ သူ့ရဲ့အတွေးကရှင်းပါသည်၊ သူ့ကိုပထမဆုံးလက်ကမ်းပေးတဲ့ လူသားကိုသူ့ရဲ့ဖူးစာဖက်အဖြစ်ရွေးချယ်မည်။

All i need to do is clear the mission and go home.Where stories live. Discover now