Arc - 4[The male lead's Fisrt Love is in love with me.]

297 52 4
                                    

Unicode

(A/N ဒီကမ္ဘာကနာမည်ကိုပဲသုံးတော့မယ်နော်)

နောက်တစ်နေ့မှာပဲ အိမ်တံခါးဘဲလ်တီးသံထွက်ပေါ်လာပြန်သည်။ ဝသုန်ဦးတစ်ယောက် အိမ်တံခါးကိုသွားဖွင့်လိုက်တော့ လက်သီးတစ်လုံးကရုတ်တရက်ပစ်ဝင်လာတာကိုမြင်လိုက်ကာ သူချက်ချင်းဆိုသလိုရှောင်လိုက်သည်။ ထိုနောက် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖက်လူကိုပြောလိုက်သည်။

"ငါ့အိမ်ဝန်းထဲလာပြီး ငါ့ကိုတိုက်ခိုက်တာက မရိုင်းလွန်းဘူးလား စိုင်းလမင်းမောင်"

စိုင်းလမင်းမောင် ဒီကမ္ဘာရဲ့ဇာတ်လိုက်ဟာ သူ့ကိုဒေါသတကြီးစိုက်ကြည့်လာပြီး ပြောဆိုလာတော့သည်။

"မင်းကအထိုးခံရဖို့ထိုက်တန်တယ်!သွန်းကိုမင်းဘာလုပ်လိုက်တာလဲ!မနေ့က သူကငိုပြီးပြန်လာတာ..တညလုံးလည်းအငိုမတိတ်ခဲ့ဘူးကွ!!"

ဝသုန်ဦးတစ်ယောက် လက်ပိုက်ကာတံခါးကိုမှီ၍ရပ်လိုက်သည်။ ဝသုန်ဦးက အနက်ရောင်ညအိပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ့မှာဖြူဖွေးစွတ်နေကယလှပတဲ့အသားအရည်ရှိတာကြောင့် အနက်နဲ့ကလိုက်ဖက်ညီနေသည်။ခုဏကမှအိပ်ရာကထလာတာကြောင့် ဆံပင်ကအနည်းငယ်ရှုပ်ပွနေပေမဲ့ ကြည့်ကောင်းနေဆဲပဲ။ မျက်နှာမှာဘာမှမချယ်သထားတာတောင် ချောမွတ်ပြီးအဖုအဖိမ့်ကင်းစင်နေတဲ့မျက်နှာလေးက ချောမောကာကြည့်ကောင်းလှသည်။ အထူးသဖြင့် မျက်ဝန်းအောက်ကမှဲ့နက်ကလေးက ဝသုန်ဦးရဲ့ဆွဲဆောင်ဖို့ကောင်းတဲ့အမှတ်အသားဖြစ်သည်။

ဝသုန်ဦးက နာမည်သိပ်မရှိတဲ့မော်ဒယ်ဆိုပေမဲ့ သူ့ကိုယ်သူတော့အရမ်းထိန်းသိမ်းကာဂရုစိုက်သည်။ မူလဇာတ်ကြောင်းမှာ ဗီလိန်ကြောင့် ဝသုန်ဦးက"အဆင်းရှိပြီး အချင်းမရှိ၊အလှပန်းအိုး"ဘာညာဖြင့် အတိုက်အခိုက်ခံခဲ့ရသည်။

စိုင်းလမင်းမောင်က ဝသုန်ဦးကိုငေးမောမိသွားသည်။ဝသုန်ဦးအပေါ်မှာ သူခံစားချက်မရှိတော့ပေမဲ့ ဝသုန်ဦးရဲ့ချောမောမှုအောက်မှာတော့ နစ်မျောမိနေဆဲဖြစ်သည်။

"ထူးဆန်းလိုက်တာ..မနေ့ကတော့ သူကအကောင်းကြီးပါ။ငါ့ကိုသူလာတောင်းပန်တယ်..ငါကသူ့ကိုခွင့်လွှတ်ပေးလိုက်တော့ သူလည်းအေးဆေးဖြစ်ပြီး ဒီအတိုင်းပြန်သွားခဲ့တာပဲ"

All i need to do is clear the mission and go home.Where stories live. Discover now