Arc - 1.10

389 47 0
                                    

Unicode

မင်ယွင်နန်ဟာ ဒီနေ့အရမ်းကိုပျော်ရွှင်တက်ကြွနေသည်။ သူကအကောင်းစားအဝတ်အစားကိုဝတ်ဆင်ကာ သူ့ကိုယ်သူချောမောနေအောင်ပြင်ဆင်ထားသည်။ သူအပေါ်ထပ်မှဆင်းလာတော့ သူ့ရဲ့မိခင်က သူ့အနားကိုကပ်လာပြီး သူ့တကိုယ်လုံးကိုကြည့်လျက် ပြုံးရွှင်ကာ မေးမြန်းလာသည်။

"အမေ့သားလေးကချောမောလို့ပါလား၊ ပြောပါဦး ဒါကဘယ်သွားမလို့လဲ?"

"အစ်ကိုရှနဲ့သွားတွေ့မလို့ပါ မေမေ၊ အစ်ကိုရှကသားကိုညစာကျွေးဖို့ဖိတ်ထားတာဗျ..ဟီးဟီး"

မစ္စတာမင်ရဲ့မျက်နှာထက်မှာ စိုးရိမ်ပူပန်မှုတို့ပေါ်လာလေသည်။

"သား..ဖြစ်နိုင်ရင် ရှရိကျန်းနဲ့မပတ်သတ်ပါနဲ့လား..အမေ..စိတ်ပူလို့ပါ"

မင်ယွင်နန်ကမျက်မှောင်ကြုတ်လို့သွားကာ သူ့အမေကိုလှည့်ကြည့်၍ပြန်မေးလိုက်သည်။

"မေမေကဘာကိုစိတ်ပူနေတာလဲ.."

"သားသိပါတယ်၊ သူ့ညီသေဆုံးရတာကဘာကြောင့်နဲ့ဘယ်သူ့ကြောင့်ဆိုတာ.."

"ရှူးး အမေ့!!!အမေစကားကိုဆင်ခြင်နော်!ရိမင်ကိုသတ်တာက မင်သုံးသုံးပဲ!အဲဒီအတွက် သားအနေနဲ့ ဘာအပြစ်မှမရှိဘူး၊ ဒါမလို့ အစ်ကိုရှနဲ့သားပတ်သတ်တာဘာပြဿနာမှမရှိဘူး။"

"အင်းပါ သားရယ်..အမေကစိတ်ပူလို့ပါ၊ သွားတော့လေ..သားလေး နောက်ကျနေမယ်"

မင်ယွင်နန်ကသူ့အမေကိုဘာမှပြန်မပြောတော့ပဲ ထွက်လာခဲ့တော့သည်။ အလကားသတ်သတ် သူ့အမေကအစိုးလွန်နေတာပဲ၊ သူတို့ဘက်က ထိုနေ့ကအဖြစ်အပျက်တွေရဲ့အမှန်တရားကိုထုတ်မပြောသ၍ အစ်ကိုရှကအမှန်တရားကိုဘယ်လိုမှသိနိုင်မှာမဟုတ်ဘူး။

'အမေလုပ်တာနဲ့ ငါပျော်နေတာတောင်ပျက်တယ်၊စိတ်ပျက်လိုက်တာ..အမေတစ်ယောက်နဲ့တော့..ကျစ်!'

အဲဒီနောက်မှာတော့ မင်ယွင်နန်ကချိန်းဆိုထားသော စားသောက်ဆိုင်သို့ရောက်လာတော့သည်။ သူဟာ ချိန်းဆိုထားတာထက် အစောကြီးကြိုရောက်လို့နေလေသည်။ မင်ယွင်နန်ဟာ ခုံတွင်ထိုင်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရှရိကျန်းအလာကိုစောင့်ဆိုင်းနေလေသည်။ သူ့မှာ ရှရိကျန်းဘက်ကနေပြီး ညစာကျွေးမည်ဟုဖိတ်ကြားခံရတော့ အရမ်းကိုပျော်နေတော့သည်။

All i need to do is clear the mission and go home.Where stories live. Discover now