မိုင်ခက လောကဓံရဲ့အဆိုးဝါးဆုံးရိုက်ခတ်မှုတွေကိုကြုံတွေ့ရပြီး ဖြစ်သည်။
သူမမိဘတွေကို ဆုံးရှုံးခဲ့ရသည့်အခိုက်အတန့်သည် သူမဖြတ်သန်းခဲ့ရသည့်တစ်လျှောက်လုံးမှာ ကြောက်မက်ဖွယ်ရာကာလဖြစ်ခဲ့သည် ။ သူမ ဘယ်လိုဖြတ်ကျော်နိုင်ခဲ့သလဲ? သေချာတာကတော့သူမ၏ အကိုကြောင့်သာဖြစ်လိမ့်မယ်။မင်းခ နဲ့ မိုင်ခ ၊ သူတို့ဟာအသက်ဆယ်နှစ်ကျော်ကွာဟသည့်မောင်နှမတွေ ။ မိဘတွေမရှိတော့ချိန်မှစ၍ သူမအကိုဟာသူမကို လိုလေသေးမရှိအောင်စောင့်ရှောက်ခဲ့သည် ။ သူမရဲ့မှောင်မိုက်နေတဲ့ဘဝထဲကို
မီးတစ်စကဲ့သို့ အလင်းရောင်ဆောင်ကြဥ်းပေးနေသော လူသားဖြစ်သည်။သူမအကိုကအင်မတန်ရိုးသားပြီးအင်မတန်ထူးချွန်သည့်သူ ၊ သူ့ဘဝတစ်လျှောက်လုံး ဂုဏ်သရေရှိတရားသူကြီးအဖြစ်နဲ့ မြောက်မြားစွာသောအမှုတို့ကို တရားမျှတမှုရှိအောင်စီရင်ခဲ့သည် ။ သို့သော်
"အမိန့်... !
တရားရုံးတွင်းရှိ တရားသူကြီးရဲ့တူထုသံက သူမကိုယ်လေးကိုတုန်ယင်သွားစေသည်။ မိုင်ခသည် တရားရုံးနှင့်မစိမ်း ၊
သူမယခုထိုင်နေသည့်နေရာမှာ မကြာခဏဆိုသလိုလာထိုင်ဖြစ်ပြီး အကို့ရဲ့တရားခွင်ကို လာကြည့်ဖြစ်သူဖြစ်သည် ။ထိုအချိန်တိုင်း သူမရဲ့မျက်လုံးတွေမှာ ဂုဏ်ယူမှုတွေအပြည့်နဲ့ သူမရဲ့မျက်နှာဟာအထက်ကိုမော်ချီလို့! သူမရဲ့စိတ်အတွင်းကအမြဲ
ဟစ်ကြွေးလို့နေသည်မှာ "ကြည့်ကြစမ်း၊ ဘယ်လောက်တောင်ကြည့်ကောင်းလိုက်တဲ့တရားသူကြီးလဲ ၊ အဲ့လိုခန့်ညားတဲ့တရားသူကြီးက ငါ့အကိုကြီးပဲ" လို့ ။သို့သော်ဒီတစ်ကြိမ်မှာတော့ ခြားနားစွာ
သူမရဲ့ မျက်ဝန်းအိမ်ထဲမျက်ရည်တို့စို့နစ်လို့နေခဲ့သည်။
"အကိုကြီး.. ! ဖြူဖျော့သည့်နှုတ်ခမ်းဖျားတို့က ပြိုဆင်းလာသည့်စကားသံတိုးတိုးကို ကိုကြီးမကြားနိုင် ၊ လူထုရဲ့အကြားသံတိုင်တို့ရဲ့အလည်မှာ လက်ထိပ်တွဲလောင်းချိတ်ခံထားရသည့် ကိုကြီးရဲ့ပုံစံက သူမအား ရင်နာစေသည်။"အမိန့် !အဖ... ၊ အမိ.... တို့ရဲ့သား မောင်မင်းခသည် ပုဒ်မ ၃၀၇အရ
လူသတ်မှုကို ကျူးလွန်သဖြင့် ထောင်ဒဏ်
၁၀ နှစ်ကျခံစေဟု ရုံးတော်မှ အမိန့်ချမှတ်လိုက်သည် ""ဟင့်အင်း.. ! သူမခေါင်းလေးခါယမ်းမိရင်း သူမကိုယ်က ထိုင်ခုံပေါ်မှ လျှောကျသွားရသည်။ အားယူကာကုန်းထလိုက်ရင်းက သူမ အော်ဟစ်မိပါ၏။
"ဟင့်အင်း !! မဟုတ်ဘူး ။ ကျွန်မအကိုရဲ့အပြစ်မဟုတ်ဘူး ။ အမိန့်ကိုပြန်ရုတ်သိမ်းပေးပါ ။ ကျွန်မအကိုကို မခေါ်သွားကြပါနဲ့!
လည်ချောင်းတို့ကွဲထွက်မတပ်အော်ပြောနေလည်း ရဲသားတို့သည်သူမအားဂရုမထား၊ အကို့ဆီပြေးသွားချင်သည့်ခြေလှမ်းတို့ကို အစောင့်များကတားဆီးလို့ထားသည်။
"ကိုကြီး.. ! မိုင်ခကိုကြည့်ပါ ၊ မဟုတ်ဘူးလို့ပြောလိုက်လေ။ ညီမလေးသိတယ်။
ကိုကြီးမလုပ်မှန်း ညီမလေးသိတယ်.. !!!နောက်ဆုံးမှာ တရားခွင်ကထွက်ခါနီး
ငိုက်စိုက်ကျနေတဲ့သူမအကိုရဲ့ခေါင်းလေး သူမဆီလည်လာခဲ့သည်။ ချောင်ကျနေသည့် မျက်တွင်းတွေ ၊ ဖြူဖျော့နေသည့်မျက်နှာနဲ့ နီရဲနေသောမျက်ဝန်းများ ၊ သူမအတွက် နေအလင်းရောင်လိုတောက်ပခဲ့သည့် သူမအကိုက ယခုအချိန်မှာ မမြင်နိုင်ရအောင် မှေးမှိန်လို့နေသည်။သူမကိုကြည့်လာသည့်မျက်ဝန်းတွေက သူမမိဘတွေသူမကို မထားသွားခင်လေးကကြည့်လာသည့် ပုံစံအတိုင်း ၊ ရုန်းကန်နေသည့်သူမလက်တို့က ငြိမ်သက်သွားရသည်။ခြောက်သွေ့ကွဲအက်နေပါသော ကိုကို့ရဲ့နှုတ်ခမ်းသားတို့လှုပ်ရှားသွားသည်ကို သူမမြင်လိုက်ရပြီးနောက် ရဲသားတို့ကသူမအကိုကို သူမမျက်စိရှေ့မှာအညှာအတာမဲ့စွာ ဆွဲထုတ်သွားကြတော့သည်။
"တောင်းပန်ပါတယ် " အကိုပြောသွားခဲ့တာ တောင်းပန်ပါတယ် တဲ့ ။ အတင်းကာရောဝင်ရောက်ဖို့မလုပ်တော့တဲ့ သူမကိုအစောင့်တွေလည်း ဆက်မဆွဲတော့ ၊ လူအုပ်ကလည်း တစ်ဖြည်းဖြည်းကျဲလာခဲ့သည်။
သူမတစ်ယောက်ထဲ အတောင့်သားရပ်နေမိရင်းက ဘယ်လိုဘယ်ပုံမေ့သွားခဲ့လည်းမသိတော့! သူမနားထဲမှာ လေသံလိုလို
လူသံလိုလိုနဲ့ စကားတို့က ကြားတစ်ချက်မကြားတစ်ချက်.. !"ခ! မိုင်ခ အသက်ရှူဦး ။ မိုင်ခ... !!!
@@@@@@
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...