ဆေးရုံဆင်းပြီးတဲ့နောက်မှာ မိုင်ခရဲ့အိပ်ချိန်တွေကလျော့ပါးလာခဲ့သည်။
အကြောင်းအရင်းက ညဘက်ဆိုမအိပ်
သည့် သူမ၏သမီးကြောင့်ပင် ။တစ်နေကုန်အိမ်အလုပ်နဲ့ပင်ပန်းနေရသည့်
ဒေါ်လေးကိုလည်းသူမအပူမကပ်နိုင် ။
သန်းခေါင်ကျော်ရင်ထထငိုတတ်သည့် သမီးက မနက်ဝေလီဝေလင်းမှ ပြန်အိပ်တတ်သည်မို့ ရက်ပိုင်းအတွင်းမှာ မိုင်ခကိုယ်အလေးချိန်အတော်ကျသွားရသည်။ကလေးမွေးရတာသူမအတွက်ပထမကမ္ဘာစစ်ဆိုရင် ကလေးမွေးပြီးနောက်ပိုင်းက ဒုတိယကမ္ဘာစစ်အလားပင် ။ တစ်နေ့တော့ ဥာဏ်ဇော်ကအလုပ်သမားတစ်ချို့နဲ့ သူမတို့ဘေးအခန်းကို ပြင်ဆင်လို့နေသည် ။ တစ်ခန်းလုံးအားပန်းရောင်ဖျော့ဖျော့လေးသုတ်၍ အလှဆင်ကာ အလည်မှာကလေးပုခက်လေးနှင့် အရုပ်များစွာလည်းထည့်သွင်းလို့ထားသည်။
"ဒီအခန်းက.. ?
"သမီးအတွက်လေ ။ ကိုယ်ပိုင်အခန်းလေး
လုပ်ပေးချင်နေတာကြာပြီ ။ ကိုယ်လည်းအခုမှအားလို့.. !
"ကလေးကငယ်သေးတာ ဖြစ်ပါ့မလား"
"ဖြစ်ပါတယ် ။ ကိုယ်တို့အခန်းနဲ့လည်းကပ်ရပ်ပဲလေ ။ တစ်ခုခုဆိုအသံကြားနေရမှာပဲ.. "ဒီလိုနဲ့ သမီးကအခန်းခွဲအိပ်ရတော့သည်။
နဂိုသူမအိပ်ယာပေါ်လူးလွန့်နေတတ်သည့်
သေးသေးလေးမရှိတာ စိတ်ထဲတစ်ခုခုလိုနေသလို ။ဒီရက်တွေထဲပင်ပန်းထားသည့်အရှိန်နဲ့ မိုင်ခကစောစီးစွာအိပ်ပျော်သွားရသည် ။ သန်းခေါင်ယံအချိန်မှာ အကျင့်ဖြစ်နေသည့်အတိုင်း သူမ မျက်လုံးတို့ပွင့်ဟလာရ၏။ အနားကိုစမ်းကြည့်တော့ကလေးက ရှိလို့မနေ ။ ထိုအခါမှ သမီးကိုအခန်းခွဲသိပ်ထားမှန်းသတိတရဖြစ်သွားမိသည် ။ တစ်ဖက်ခြမ်းမှာလွတ်နေသည့်အိပ်ယာကိုကြည့်ရင်း မိုင်ခထထိုင်လိုက်သည် ။"ဥာဏ်ဇော်ပြန်မအိပ်တာလား..?
အေးစက်နေသည့်အိပ်ယာကိုငေးရင်းသူမ
ထရပ်လိုက်သည်။ သူမဟန်းဖုန်းကိုရှာကြည့်ရင်း ဖုန်းခေါ်ကြည့်ဖို့စဥ်းစားလိုက်၏။"အလုပ်များနေလို့ပြန်မလာဖြစ်တော့တာလားပဲ ။ ဒီအချိန်ကြီးဆက်မိရင်နိုးသွားဦးမယ်.. "
နဂိုအလုပ်များရသည့်အထဲ သူမဖုန်းကြောင့်အိပ်ရေးပျက်သွားမည်ကိုစိုးရိမ်ကာ ဖုန်းကိုပြန်ချလိုက်သည်။သူမလည်းနိုးသွားသည့်အတူတူ ကလေးအားကြည့်ရန်ထွက်လာခဲ့တော့..
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...