(12)

167 2 0
                                    

သူ့လေသံနွေးနွေးသည်သူမလည်ပင်းထက်မှာ ရိုက်ခတ်လျက် ..

"ငါ တောင်းပန်ပါတယ်.. !
ငါမှားသွားတယ်.. "

အခုချိန်မှာသူမအနေနဲ့ပြောနိုင်သည့်စကားသည် ထိုတစ်ခွန်းမို့ ။ ဥာဏ်ဇော်က
သူမပုခုံးထက်က သူ့ခေါင်းကိုဖယ်လာရင်း

"မင်း ကိုယ့်ကိုတောင်းပန်စရာမလိုပါဘူး!

မိုင်ခကသူမလက်လေးဖြင့် ထွက်မလာသေးသည့် ဗိုက်ကလေးအားစမ်းမိကာအပြစ်ရှိသည့်စိတ်ဖြင့်

"ငါက အမေဖြစ်သင့်ရဲ့လားတောင်
သေချာမသိဘူး.. " သူမ၏စကားသံအဆုံးသတ်သည်တိမ်ဝင်သွားရပြီး စို့နင့်လာရကာ...

"ငါကြောက်တယ် ဥာဏ်ဇော်.. ! ငါက
သူ့ကိုမွေးရမှာကို ကြောက်တယ်။ ငါ့မှာ
ဒီကလေးကိုကောင်းကောင်းပျိုးထောင်နိုင်ဖို့လည်း ယုံကြည်ချက်မရှိဘူး.. "

စိုးရွံ့မှုတို့သည်ကြီးစိုးလာရကာ မျက်ရည်တို့က ပါးထက်မှာ
မိုးကဲ့သို့ ဖြိုင်ဖြိုင်သွန်းလျက်..

"အခု တော်ဝင်ကလည်းမရှိတော့ဘူး..!
အနည်းဆုံးတော့.. အနည်းဆုံးတော့ဒီလိုအချိန်မှာ သူကငါ့အနားရှိနေပေးသင့်တာ
မဟုတ်ဘူးလား.. ? ဘာလို့လဲ.. ဘာလို့များ... !! ဘာလို့များထွက်သွားနိုင်ရတာလဲ.. ? ငါကဘာတွေများလုပ်ခဲ့လို့..

တိမ်ဝင်သွားရသည့်အသံနောက်မှာ စကားသံတို့ထွက်မလာနိုင်တော့ ။ သူမကိုယ်လေးသည်တင်းတင်းကြပ်ကြပ်ပွေ့ဖက်ခံလိုက်ရကာ သူမ မျက်နှာသည်သူ့ရင်ခွင်အတွင်း အပ်ဆင်း၍.. !
မှီတွယ်ရသောထိုရင်ဘတ်အတွင်း..
သူမ သည်းထန်စွာငိုကြွေးမိတာ.. အချိန်
ဘယ်လောက်ထိ ကြာမြင့်သွားခဲ့သလဲ..
သေချာပင် မသိတော့... !

အဆုံးမှာ သူမ ဦးခေါင်းသည်ကိုက်ခဲ၍ မျက်လုံးတို့ကျိန်းစပ်နေပြီး မျက်ရည်ပင်
မထွက်နိုင်တော့ပေ ။ သူမ မငိုနိုင်တော့

ဥာဏ်ဇော်က သူမအားလွှတ်ပေးရင်း
ကုတင်ပေါ်မှထကာနေရာဖယ်ပေးလာသည်။ သူမအားကုတင်ထက် သက်
တောင့်သက်သာလှဲလျောင်းစေပြီး..

"ပင်ပန်းနေပြီ ။ နားတော့လေ.. !

သူမအကြည့်တို့သည်စိုစွတ်နေဆဲ သူ့ရှပ်အင်္ကျီပေါ်မှမခွာနိုင်ဖြစ်ရသည်။
"ထပ်ပြီး အားနာစရာဖြစ်အောင်လုပ်မိပြန်ပြီ.. " သူမအတွေးထဲကတိုးတိတ်စွာညီးတွားမိသည် ။
"မနက်ကျရင် ကိုယ်တို့ဆေးရုံသွားကြမယ်။ မင်းခန္ဓာကိုယ်ကိုလည်းဆေးစစ်ရင်း
ကလေးအခြေအနေလည်း မေးရအောင်လို့.. !

" Let's Get Married "Where stories live. Discover now