ပတ်ဝန်းကျင်ကနေရောင်ခြည်တို့ဖြာဆင်းလာရမည့်အစား တစ်ဖြည်းဖြည်းမဲမှောင်လို့လာသည် ။ လေတိုးသံတို့ တဝှီဝှီနှင့်..
မိုးပေါက်တို့က ကောင်းကင်ထက်မှ ပြင်းထန်စွာကျဆင်းလာ၏။မူမမှန်တော့သည့်ရာသီဥတုကြားမှာ လူတို့သည် ဟိုပြေးဒီပြေးနှင့်.. !ထိုစဥ်တော်ဝင်ဆုပ်ကိုင်ထားသည့်ဟန်းဖုန်းအတွင်းသို့..သတိပေးစာစောင် တစ်ခုဝင်လာခဲ့သည်။
မုန်တိုင်းသတိပေးချက်: စာက တော်ဝင့်အား ရင်ထိတ်စေ၏။ သိပ်မကြာမှီမှာပဲ
သူ မဖြစ်စေချင်ဆုံးသော ထိုအရာကဖြစ်တည်လာခဲ့သည် ။ လေဆိပ်ရဲ့ Lobbyအတွင်းအသံလွှင့်ရုံမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည့် စကားသံ.. !လေယာဥ်ချိန်များအားဖျက်သိမ်းလိုက်ခြင်း ။ တော်ဝင်ကသူ့ကံတရားကို သူတိတ်တဆိတ်ကျိန်ဆဲလိုက်သည် ။
ဘာလို့ ဒီအချိန်မှလဲ.. ?
သူခန့်ထည်အားဆက်သွယ်ရန်
ကြိုးစားလိုက်ပေမယ့်ဖုန်းလိုင်းတို့က
မိတစ်ချက်လွတ်တစ်ချက်.. !အကြိမ်ပေါင်းများစွာခေါ်ဆိုပြီးနောက်မှ
ဖုန်းဝင်လို့သွားခဲ့ပြီး..."ခန့်ထည် မင်း မိုင်ခနဲ့တွေ့ခဲ့လား.. ?
ငါပြောခိုင်းတာပြောလိုက်သေးလား.. "သူတစ်ဖက်ကပြန်ဖြေသံပင်မစောင့်နိုင်ပဲ
မေးလိုက်သည် ။"တော်ဝင်ရေ..
မင်းလက်လျော့လိုက်ပါတော့ ။
အကုန်ပြီးသွားပြီ.. "ခန့်ထည်ရဲ့လေသံသည်စိတ်ပျက်လက်ပျက်နဲ့...
"ဘာကိုလဲ.. ? ဘာကိုပြီးရမှာလဲ..!!!
ငါမေးတာဖြေစမ်းပါ ။ မင်းမိုင်ခနဲ့တွေ့ခဲ့လားလို့... !!!!"အေး ငါတွေ့ခဲ့တယ် ။
ဒါပေမယ့်ငါမပြောခဲ့ရဘူး.. !!!ခန့်ထည်က တစ်ညလုံးကောင်း"မအိပ်
ခဲ့ရပဲ မနက်စောစောမှာ တော်ဝင့်ကောင်မလေးကိုသွားရှာခဲ့သည် ။ သူသတင်းရထားသည့်အတိုင်း သူမရှိနေ
သည့် မြို့လယ်ကတိုက်နားမှာ အချိန်တစ်ချို့ဖြုန်းပြီးနောက် ခြံထဲကမောင်းထွက်လာပါသော ကားတစ်စီးကို မြင်လိုက်ရသည် ။ သူခြေတုံချတုံဖြစ်နေရင်းကနေ
ကမန်းကတန်း ကားကိုလှမ်းတားလိုက်ရ၏။..
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...