တော်ဝင်ကအရေးပေါ်ကိစ္စတစ်ခုပေါ်လာခဲ့ပြီးနောက် မိုင်ခဟာတစ်ယောက်ထဲထမင်းစားဆောင်မှ ပြန်လာခဲ့သည် ။ ကျောင်းပြန်တက်ရန်အချိန်လည်းလိုသေးတာမို့ သူမစာကြည့်တိုက်ဆီသွား၍ စာအုပ်တစ်ချို့ ငှားရန်စိတ်ကူးမိသည် ။
သူမတို့ရဲ့ စာမေးပွဲကလည်း နီးကပ်လို့နေပြီ ။ သူမတစ်ကယ်ကို အလေလိုက်နေလို့
မဖြစ်တော့ဘူး ။မိုင်ခက သူမကိုးကားနိုင်မည့်စာအုပ်သုံးအုပ်ခန့် ငှားပြီးနောက်မှာ တက်ကြွသည့်ခြေလှမ်းတို့နဲ့ ဂဏာမငြိမ်စွာ လမ်းမှာခုန်ဆွခုန်ဆွ ဆော့ရင်း ပြန်လာခဲ့သည်။
သူမရဲ့ခပ်လှမ်းလှမ်းက အရိပ်ရသည့်သစ်ပင်ကြီးအောက်မှာ ကျောင်းသားတစ်စုက ဝိုင်းဖွဲ့လို့ထိုင်နေသည် ။ သူတို့ကြည့်ရတာတစ်ခုခုဆော့နေသည့်ပုံ ၊
သူမရဲ့ ခြေဆော့လက်ဆော့အပြုအမူတို့ကို ရုတ်သိမ်းလိုက်ပြီး အိန္ဒြေရရနဲ့ ဖြတ်အလျှောက် မျက်ဝန်းထောင့်မှမြင်လိုက်ရသည့် ရင်းနှီးနေသော အနက်ရောင်အပေါ်ထပ်ကြောင့် သူမ မျက်လုံးလေးဝင့်ခနဲ ။ အုပ်စုဖွဲ့နေသည့်ယောကျာ်းလေးတွေရဲ့ နောက်နား မနီးမဝေးကသစ်ပင်မှာ လူနှစ်ယောက်က လူချင်းထပ်လျက်.. !ကျောင်းဝတ်စုံနဲ့ ကျောင်းသားလေးက သစ်ပင်ကိုမှီကာထိုင်နေပုံရပြီး ကျောင်းတော်ရဲ့မင်းသားလေးနံပါတ်(၂)က ထိုလူကို နမ်းလိုက်တာ... !!!!!!!!!
သူမ မျက်လုံးတို့အဆုံးစွန်မဲ့စွာပြူးကျယ်သွားရပြီး လက်ထဲကစာအုပ်တို့မြေခကုန်သည် ။ ခဏလေးပဲ ဆိုပေမယ့်သူမသေချာမြင်လိုက်တယ် ၊ သူတို့ကယောကျာ်းလေးတွေ ၊ ဒါပေမယ့် သူတို့က
lip kiss လုပ်နေကြတာ... !!!! သူမရဲ့မေးရိုးကပြုတ်ကျသွားရပြီး သူမလက်တို့နဲ့ ပါးပူပူနှစ်ဖက်ကို အုပ်မိသည်။သူမဆီက ဆူညံသံကအနီးနားရှိ ကျောင်းသားတွေရဲ့အာရုံကို ဆွဲဆောင်သွားရပြီး လှည့်ကြည့်လာကြသည်။ သူမရဲ့ပန်းရောင်ထနေသည့်မျက်နှာထားနဲ့ မြေခနေတဲ့စာအုပ်တို့ကိုကြည့်ရင်း ကောင်လေးတစ်ချို့ဟာ ထရပ်လာသည် ။
"မိန်းမလှလေး အကူအညီလိုလို့လား?
သူမက ထိုလူတွေကိုအာရုံမရှိ ၊ အတောင့်သားရပ်နေမိသည့် သူမရဲ့ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ ဥာဏ်ဇော်ရဲ့ နက်မှောင်တဲ့မျက်ဝန်းတို့က မမျှော်လင့်ပဲ ထိပ်တိုက်သွားဆုံမိတော့ ၊ ရုတ်တရတ်ကြီး သူ့ကြည့်ရတာ လူသတ်ချင်စိတ်တွေ တောက်လောင်လာသလိုပဲ.. ။ သူမ မြင်လိုက်တာကို သိသွားလို့များ...?
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...