မိုင်ခကမိတ်ကပ်တို့ပြင်ဆင်ပြီးနောက်
သနပ်ခါးရောင်ဂါဝန်လေးဝတ်ကာ အခန်းထဲမှထွက်လာသည် ။ မူလကသူမရည်ရွယ်ထားသည့် ဝတ်စုံမှာ တော်ဝင်ကြိုက်တတ်သည့်မိုးပြာရောင် ဖြစ်ပြီး
ထိုအရာက သူမအိမ်မှာကျန်ခဲ့သည်ကိုတွေးမိသည် ။"အရမ်းလှတာပဲ! သိလား.. "
နိုဗယ်လ်က သူမလက်မောင်းကိုအပြေးချိတ်၍ ချီးမွမ်းလာသည်အားအပြုံးတစ်
ပွင့်နဲ့တုန့်ပြန်လိုက်သည်။"ငါနင့်ကိုလက်ဆောင်ပေးစရာရှိတယ်
သိလား.. ။ ဒီမှာကြည့်စမ်း "
သူမက ထိုင်ခုံပေါ်တင်ထားသည့် စက္ကူဘူးအားသွားယူကာ သူမအားဖွင့်ဟပြလာသည်။ အထဲမှာရှိနေသည်က အဖြူရောင်ဒေါက်မြင့်ဖိနပ်လေးတစ်ရံ.. !"ငါတို့ဆင်တူစီးရအောင်နော်... !
နိုဗယ်လ်က သူမခြေထောက်ထက်မှာဝတ်ဆင်ထားပါသည့် ချွတ်စွတ်တူညီသော ဒေါက်မြင့်လေးကိုထုတ်ဖော်ပြ
သရင်း ပူဆာလို့လာသည်။"မရဘူး ။ မိုင်ခက ဒါကိုပဲစီးရမှာ.. !!
သူမ ပြန်မဖြေရသေးခင်မှာပဲ ဘယ်ကဘယ်လိုကြားကာရောက်ချလာသည်မသိသည့် ဥာဏ်ဇော်က လက်ထဲတွင် မိတ်ကပ်ရောင် ရှူးဖိနပ်အပါးလေးကို ကိုင်ဆောင်လာပြီး သူမရှေ့ ဒူးတစ်ဖက်ချထိုင်လို့လာသည် ။ နေရခက်စွာ နောက်ဆုတ်မိသော်လည်း သူ့လက်တံရှည်ရှည်တို့နဲ့ သူမခြေထောက်အားလှမ်းဆွဲ၍ ဝတ်ဆင်ထားပါသည့် အိမ်တွင်းစီးမွှေးပွဖိနပ်လေးကိုချွတ်လိုက်သည်။ ခြေအိတ်ဖြူဖြူတစ်စုံအား ဦးစွာဝတ်ဆင်ပေးပြီးနောက် သူယူလာသောဖိနပ်လေးသည် သူမခြေဖဝါးထက် တင့်တယ်စွာဖြင့်.. !
"ငါတို့ အတူတူစီးမလို့ကို! နင်ဘာဝင်ရှုပ်ရတာလဲ.. ? မိုင်ခ ဒါလေးကပိုလှတယ် ။
ဒါလေးစီးနော်... !!!နိုဗယ်လ်ကမလျော့သောအားတို့နဲ့ ထရပ်လာသည့်ဥာဏ်ဇော့်ကိုဘေးသို့တွန်းတိုက်ရင်း စည်းရုံးရေးဆင်းလာသည်။
မိုင်ခက သူမခြေထောက်ထက်ရှိဖိနပ်ပါးလေးကိုကြည့်ကာ သူမဗိုက်အားပွတ်သပ်လိုက်ရင်း အပြုံးတစ်စနဲ့နိုဗယ်လ့်ကိုငြင်းလိုက်ပါ၏။
"ငါတို့ နောက်မှတူတူစီးရအောင်ပါ "စိတ်ကောက်သွားသည့်နိုဗယ်လ့်က
ဥာဏ်ဇော့်အား မျက်စောင်းတခဲခဲ ၊ ကာယကံရှင်ကတော့ နိုဗယ်လ့်အားရှိတယ်လို့ပင် မထင်ပေ ။
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...