(5)

203 2 0
                                    

မိုင်ခကစာသင်ခန်းအတွင်းမှာထိုင်နေရင်း
သူမရဲ့အိမ်စာတွေနဲ့ နပန်းလုံးလျက်ရှိပြီး
သူငယ်ချင်း နိုဗယ်လ်ရဲ့ပေါက်ပေါက်ဖောက်သမျှကို ခေါင်းညိမ့်တုန့်ပြန်ရန်သာတတ်နိုင်သည်။ သူမ အလုပ်များနေခိုက်
စာရေးစားပွဲပေါ် လက်တစ်ဖက်က သုံးချက်ခန့်ခေါက်လို့လာပြီး ရှည်မျောမျောအရိပ်နှစ်ခုသည် သူမ မျက်စိရှေ့သို့ဝင်ရောက်လာသည်။

"အယ်.. ?
သူမနှုတ်ခမ်းလေးပွင့်ဟသွားရကာ မျက်နှာထားတင်းတင်းရှိနေသည့်အတန်းဖော်ဥာဏ် နဲ့ သူ၏အနောက်ရှိ မျက်နှာထက်ဒဏ်ရာတစ်ချို့ရှိနေသော သူစိမ်းကောင်လေးတို့ကို မျက်လုံးအဝိုင်းသားနဲ့
ကြည့်မိသည်။

"ရန်ဖြစ်လာတာလား နင်တို့.. ?
နိုဗယ်လ်ကမျက်မှောင်ကြီးကျုံ့ကာလက်တို့ပိုက်လျက် ဝင်မေးလာသည်။

"ပြောလိုက်.. ! ဥာဏ်ဇော်ကအေးစက်စက်စကားသံနဲ့အတူ သူ့နောက်ကလူကို သူမရှေ့သို့ တွန်းပို့လိုက်၏။ ထိုကောင်လေး၏အသားညိုညိုထက်မှာတောင် အညိုအမဲတို့ကအတိုင်းသား မြင်နေရတာမို့ အတော်ပြင်းထန်သည့်လက်သီးချက်ကိုခံခဲ့ရတာ ဖြစ်မည်ဟု သူမထင်သည် ။

"ဟို အဆင်ပြေရဲ့လားဟင်.. ?
သူမ စိတ်ပူစွာမေးလိုက်ပေမယ့် ထိုလူက
သွားဖြူဖြူတို့ပေါ်အောင် ပြုံးရယ်ပြလာ၍....

"ဟဲ အဆင်ပြေပါတယ်ဗျ "
"လိုရင်းကို ပြော... !
ဥာဏ်ဇော်က ပုခုံးကိုတွန်းတိုက်ကာ
စကားစဝင်ဖြတ်၏။

"တစ်ကယ်တော့ ကျွန်တော်တို့ကကစားပွဲတစ်ခု ကစားခဲ့တာ ၊ ရှုံးတဲ့သူက ခိုင်းတာလုပ်ခဲ့ရုံပါပဲ ။ ကျန်တာဘာသဘောမှမဟုတ်ပါဘူး ။ ကျွန်တော်စတာနည်းနည်း
လွန်သွားရုံ ဟဲ အဲ့လောက်ပါပဲ "

ဒါသူပြောစေချင်တဲ့အတိုင်းပဲ ။
ဥာဏ်ဇော်ကသူ့စိတ်ထဲကျေနပ်ရကာခေါင်းတစ်ညိမ့်ညိမ့်နှင့် ၊ ဒီလောက်ဆိုအထင်လွဲနေတာရှင်းပြီးပြီ ဟုတ်.. ? သူ၏အတွေးကထိုသို့ဖြစ်သော်လည်း...

ဘယ်လောက်ပဲ စနောက်တာဖြစ်ဖြစ် ဒီလောက်ထိ ဒဏ်ရာရတာကြီးက.. ??
မိုင်ခနဲ့ နိုဗယ်လ်တို့အကြည့်ချင်းဆုံသွားကြကာ ပြိုင်တူထုတ်ပြောမိသည်။

" Let's Get Married "Where stories live. Discover now