(7)

156 0 0
                                    

မိုင်ခဘယ်အချိန်အထိမေ့မြောနေခဲ့လည်း
မသိတော့ ။ သူမသတိရရခြင်း ဆေးရုံမှ
တရွတ်ဆွဲကာထွက်ပြေးလာရင်း သူမအကိုကိုရှာဖွေမိသည် ။

အဆုံးတော့သူမကြားလိုက်ရသည့်သတင်းမှာ မထိပ်ထားကသေဆုံးသွားခဲ့ခြင်း!  တစ်မြို့လုံးအတွက်ထိတ်လန့်ဖွယ်ရာသတင်း ဖြစ်သည်။

"ဒါဆို ကိုကြီးရော.. ? ငါ့အကိုရောလို့ "
"သူ အချုပ်ထဲမှာ.. "

သူမမှာတွေ့ခွင့်တောင်မရပေ။ ဖမ်းဝရမ်းကလျှင်မြန်စွာပင်ကျလာပြီး ကိုကြီးကလူသတ်တရားခံအဖြစ် ရုံးတော်ကိုတင်ခံရသည် ။ တရားခွင်က ပုံမှန်ထက်မြန်ဆန်စွာ စတင်လို့လာသည်။

နေ့ချင်းညချင်းနဲ့ပဲ သူမအကိုက လူသတ်တရားခံအဖြစ် တံဆိပ်ကပ်ခံရသည်။ သူမတို့မှာ အယူခံဝင်ခွင့်တောင်မရှိ! 
ကိုကြီးဘက်ကရှေ့နေလိုက်ပေးရန်လည်း မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေပေ ။
ဒီမြို့က မထိပ်ထားတို့မိသားစုရဲ့အာဏာအသက်ရောက်ဆုံး မြို့ဖြစ်သည်။

သူမအား ဥာဏ်ဇော်ကများစွာအကူအညီပေးခဲ့ပြီး ခက်ခက်ခဲခဲနဲ့ရှေ့နေတစ်ယောက်ငှားရခဲ့သည် ။ သို့သော်သိပ်အသုံးမဝင်လှပါ ။ တရားခံဖြစ်တဲ့ကိုကြီးဆီက ဝန်ခံထွက်ဆိုချက်ပါထွက်ပေါ်လာခဲ့ပြီးနောက်မှာ နောက်ဆုံးသောစီရင်ချက်ကို ချမှတ်ခဲ့သည်။

တရားခွင်မှာ မေ့လဲသွားခဲ့သည့်သူမအား
ဥာဏ်ဇော်ကကယ်တင်ခဲ့ပါ၏။
"ခ မိုင်ခ အသက်ရှူဦး.. ! မိုင်ခ..

မိုင်ခက လောကဓံရဲ့အဆိုးဝါးဆုံးရိုက်ခတ်မှုတွေကိုကြုံတွေ့ရပြီး ဖြစ်သည်။
သူမမိဘတွေကို ဆုံးရှုံးခဲ့ရသည့်အခိုက်အတန့်သည် သူမဖြတ်သန်းခဲ့ရသည့်တစ်လျှောက်လုံးမှာ ကြောက်မက်ဖွယ်ရာကာလဖြစ်ခဲ့သည် ။ သူမ ဘယ်လိုဖြတ်ကျော်နိုင်ခဲ့သလဲ?  သေချာတာကတော့သူမ၏ အကိုကြောင့်သာဖြစ်လိမ့်မယ်။

အခုသူမအကိုကို ဒီလိုပုံစံနဲ့မြင်နေရတာ?
အဲ့အစား သူမသေသွားတာမှ ကောင်းဦးမည် ။ ထိုအချိန်ကသူမမှာ သေချင်စိတ်တစ်ခုသာရှိသည် ။

သူမဘာအတွက်အသက်ဆက်ရှင်ရမလဲ
မသိတော့ ၊ သူမသတိပြန်လည်လာပြီးနောက် ဘာမှလည်းမစားတော့သလို ဘာစကားမှလည်းမပြောတော့ပေ။ ဆေးရုံကုတင်ထက်ဆန့်ဆန့်ကြီးလှဲ၍ သူမ မျက်လုံးတို့အားအကြောင်သားနဲ့ ဖွင့်ဟထားရုံသာ
တတ်နိုင်သည်။

" Let's Get Married "Where stories live. Discover now