(2)

306 2 0
                                    

ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါပဲ သူမတို့ရဲ့နွေဦးညလေးကို ကုန်ဆုံးဖြစ်ကြသည် ။ ဒါကသူမတို့နှစ်ယောက်ရဲ့
ပထမဆုံး အကြိမ်! နောက်ပြီးအဲ့တာက
သေလောက်အောင် နာတယ်လို့.. !!!!

ငိုထားတာကြောင့်မိုင်ခ မျက်နှာဖြူဖြူဟာ အနီရောင်သို့ပြောင်းလို့နေခဲ့ပြီ ။ တော်ဝင်က မကြည့်ရက်စွာ သူမကိုရင်ခွင်ထဲ ထည့်သွင်းလိုက်ရင်း သေးသွယ်သည့်ကျောပြင်လေးကို ပွတ်သပ်ပေးမိသည်။
သူမအား ချော့မြှူနေသည့်အလား..!
မိုင်ခက စိတ်တိုစွာဗလာကျင်းနေသည့်သူ့ရင်ဘတ်အား ကိုက်ဆွဲမိတော့ တော်ဝင်က
တစ်ချက်မျှပင်တွန့်မသွားပဲ သူမအားပွေ့ပိုက်ထားဆဲပင် ။

"ကိုကို လွန်တယ် "
"အင်း.. !
"အခု ခ တို့ဘယ်လိုလုပ်ကြမလဲ "

တော်ဝင်ကသူမကို ရင်ခွင်ထဲကထုတ်လိုက်ပြီး နဖူးလေးကိုငုံ့နမ်းကာ သူမ မျက်နှာအား အလေးအနက်ကြည့်လာရင်း

"ကိုကိုတို့ ဘွဲ့ယူပြီးရင် လက်ထပ်ကြမယ် "
သူမတို့အထက်တန်းဘွဲ့ရဖို့က ငါးလတောင် မလိုတော့ ။ သူ့ရင်ဘတ်ပေါ်မှာ အထင်းသားပေါ်နေသည့် သူမရဲ့သွားရာကို မိုင်ခကြည့်ကာလက်ချောင်းတို့နဲ့ပွတ်သပ်မိရင်း မဝံ့မရဲ မေးမိသည်။

"ကိုကို့မိဘတွေ ခွင့်မပြုရင်ရော.. ?
" သူတို့ ခွင့်ပြုပြု မပြုပြု ၊ ခ ကိုယ့်ကိုယုံ
ကိုကို ခကို ဘယ်တော့မှထားမသွားဘူး "

မှောင်ရီပျိုးစအချိန်မှာ တော်ဝင်ကသူမအား အိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့သည် ။ သူမကိုယ်လေးသက်သာစေရန်ဆေးတို့ကိုလည်း ဝယ်ခြမ်းပေးလာ၏။
စိတ်မချခြင်းများစွာနဲ့ကြည့်ပြီးနောက် သူမကိုထားခဲ့ကာ အိမ်သို့ပြန်သွားခဲ့သည်။

မနက်ရောက်သည်အထိ မိုင်ခရဲ့ကိုယ်က ကိုက်ခဲတုန်းပင် ။ ကျောင်းသွားရဦးမှာမို့
သူမ ကုန်းရုန်းထကာ မနက်စာစားပြီးဆေးသောက်လိုက်၏။ ဒီနေ့တော့ သူမကို အကိုက ကိုယ်တိုင်ကိုယ်ကျကျောင်းလိုက်ပို့ပေးသည် ။

တော်ဝင်နဲ့ သူမက အခန်းချင်းမတူ ။
သူမရဲ့စာသင်ခန်းအတွင်းကို ဝင်လာတော့ သူမရဲ့ထိုင်ခုံဖော်က ခါတိုင်းလိုပဲ မှောက်အိပ်လို့နေတာကို မြင်ရသည် ။

" Let's Get Married "Where stories live. Discover now