(15)

217 4 0
                                    

မနက်ခင်း 9နာရီအချိန်တွင် ဒေဝီထိပ်ထားက ကိုယ်ရံတော်တစ်ချို့နှင့်လေဆိပ်သို့ရောက်လာခဲ့သည်။ များပြားလှသည့်လူတွေအကြားသူမလျှောက်သွားရင်း ရုတ်တရတ်ဆိုသလို သူမခြေထောက်တို့ကတစ်စုံတစ်ရာအားဝင်တိုးမိသွားသည် ။

ငုံ့ကြည့်မိတော့ သူမခြေသလုံးအားဖက်လျက်သားရှိနေသည့်ကလေးလေးတစ်ယောက် ။ ညိုဖျော့​ဖျော့မျက်ဝန်းအိမ်ထဲမျက်ရည်တို့က ရစ်သိုင်းလျက်ဖြင့်..

"မေမေ "
ကလေးရဲ့ဆို့နစ်သည့်ခေါ်သံသည် သူမအား ခေါ်ဆိုနေသည့်အလား ၊ သားဖြစ်သူနဲ့ဆင်တူလှသည့်မျက်လုံးတို့ကိုပိုင်ဆိုင်ထားပါသည့်ကလေးမလေးသည် စိတ်ဝင်စားဖွယ်ကောင်းလှသည် ။ သူမကိုယ်ရံတော်တွေအားလက်ပြလိုက်ပြီး..
ဒူးတုပ်ထိုင်လိုက်ကာ.. ကလေးငယ်ကိုပြုံးပြလိုက်ရင်း...

"အန်တီကသမီးမေမေမဟုတ်ဘူးလေ!
သမီးရဲ့မေမေရော.. ?

ဂုတ်ပိုးထိရှည်လျားနေပါသောဆံနွယ်ဖျော့လေးတွေဝဲနေအောင် ကလေးငယ်
ကခေါင်းခါပြလို့လာသည် ။

"အန်တီကူရှာပေးမယ် ။ သမီးမေမေနာမည်ကို ပြောပြလေ "
ကလေးမက ပါးစပ်ဟရုံရိုသေး အော်ခေါ်သံတစ်ခုနဲ့အ​တူပုံရိပ်တစ်ခုကအနားသို့ရောက်လာသည်။

"သမီး.. !
ဒေဝီထိပ်ထားမျက်စိရှေ့ရှိ ကလေးငယ်အားဆွဲယူလို့သွားရင်း ခေါင်းစခြေဆုံးသေချာစစ်ဆေးလို့နေသည့် မိန်းမငယ်တစ်ဦး ။ သူမထရပ်ကာမျက်နှာကိုလှည့်အကြည့်မှာ  သူမမျက်လုံးတို့စူးရဲသွားရပြီး..
ကိုယ်တွင်းရှိသွေးတို့သည် ကပြောင်းကပြန်စီးဆင်းလို့သွားသလိုခံစားလိုက်ရသည်။

မိုင်ခက သမီးအန္တရာယ်ကင်းသည်ကိုသေချာမှ စိတ်ထဲသက်ပြင်းချနိုင်ခဲ့သည်။
လူအုပ်ကြားမှာ သမီးကိုလက်လွတ်သွားမယ်လို့သူမ မထင်ခဲ့ပါ ။ သူမစိတ်နဲ့လူနဲ့ကပ်မှ နောက်ကျောအေးသလိုခံစားရ၍ လှည့်ကြည့်မိပြီး မြင်လိုက်ရသည့်သူကြောင့် သူမခေါင်းတို့ထူပူသွားရသည်။

ချက်ချင်းလက်ငင်းပင် အသိစိတ်အရသမီးငယ်အား သူမနောက်ကျောသို့ပို့ကာ
ဖွက်လိုက်မိ၏။ ဒေါ်ဒေဝီထိပ်ထား.. ?
သူကဘာလို့ဒီမှာရှိနေရတာလဲ.. !

" Let's Get Married "Where stories live. Discover now