(6)

153 1 0
                                    

နောက်ဆုံးသောစာမေးပွဲကိုဖြေဆိုပြီး
နောက်မှာ မိုင်ခရဲ့စိတ်တို့အတော်ပင်လွတ်လပ်ပေါ့ပါးသွားရသည်။

ဒီစာမေးပွဲသာအောင်ရင် ရှေ့လဆိုသူမတို့အထက်တန်းဘွဲ့ရပြီ ။ထိုနေ့မှာဝတ်ဖို့ကိုတောင်မိုင်ခက ပြင်ဆင်ပြီးဖြစ်သည် ။
သေချာပေါက် တော်ဝင်နဲ့ဆင်တူပေါ့.. !

ချစ်ရသူနဲ့အတူတူထိုအခမ်းအနားကိုဖြတ်သန်းရမှာ ၊ သူမအတွက်တွေးကြည့်ရုံတင် ရင်ထဲလိပ်ပြာလေးတွေ တဖျတ်ဖျတ်လွန့်လူးနေသလိုလို... !!

ထို့နောက်သူမတို့နှစ်ဦးလက်ထပ်ကာ
နိုင်ငံရပ်ခြားသို့ပညာတော်သင် သွားကြမည် ။ ဒါကအတူတူတိုင်ပင်ထားခဲ့သည့်
အနာဂတ်ဖြစ်၏။

သေချာပေါက်အကို့ရဲ့မင်္ဂလာပွဲ ပြီးမှသူမသွားမှာပင် ။ လက်ထပ်ဖို့ကိုလည်း ကျိန်းသေ ကို​ကြီးကအရင်လုပ်သင့်တာပါပဲ။ ဒါပေမယ့် သူမအခုမှသတိထားမိတာ
အရင်တစ်ခါကိုကြီးဆီက မင်္ဂလာသတင်းကြားပြီးကတည်းက ထိုကိစ္စနဲ့ပက်သက်ပြီး ထပ်ပြောတာကို သူမ မကြားရတော့ပေ ။ ဒီရက်ထဲ ကိုကြီးအိမ်ပြန်မအိပ်တဲ့ရက်တွေကလည်း စိပ်လာသည် ။

တစ်ချို့ရက်တွေမှာ သူမကိုစာပို့ပေမယ့်
တစ်ချို့ရက်တွေကျ အဆက်အသွယ်ပင်
မရပေ။ ဒါက သတင်းကောင်းကြားရဖို့ပဲ
များလား... ?

"ဒါပေမယ့်လည်း ဒီညနေပြန်ရင်တော့
ကိုကြီးဆီဝင်ပြီး အကျိုးအကြောင်း
မေးဦးမှပါ.. "

"ဒါနဲ့ ကိုကိုကဘာလို့မရောက်သေးတာပါလိမ့်... ? သူမတို့စာမေးပွဲ ပြီးရင်တွေ့ကြရန်ချိန်းဆိုထားပေမယ့် တော်ဝင်ကပေါ်မလာခဲ့ပေ ။ ကျောင်းဝန်းထဲလူရှင်းသည်အထိ သူမစောင့်နေပေမယ့် အရိပ်အယောင်တောင်မမြင်ရခဲ့ ။ သူ့ဟန်းဖုန်းကိုဆက်သွယ်ကြည့်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေသည် ။

"ဒါမျိုး အရင်ကတစ်ခါမှမဖြစ်ဖူးပါဘူး!

သူမစိတ်ထဲ ဘာရယ်မသိလေးလံလာရကာ ကျောင်းဝန်းထဲမှ တစ်ကိုယ်တည်း
ထွက်လာခဲ့သည် ။ အိမ်မပြန်ပဲ ကိုကြီးရဲ့ရုံးဆီကို တန်းလာလိုက်၏။ သို့သော်..

သူမရုံးရဲ့ခပ်လှမ်းလှမ်းကနေ ရုံးအရှေ့မှာ
တန်းစီရပ်ထားသည့် ကား၄စီးထက်မနည်းကို မြင်လိုက်ရသည် ။ ရုံးအပြင်မှာ
ရပ်နေသည့်   အနက်ရောင်ဝတ်ကိုယ်ရံတော်တွေကလည်း မနည်း.. !

" Let's Get Married "Where stories live. Discover now