(16)

260 5 1
                                    

လေထုကကြမ်းတမ်းပေမယ့် လုပ်အားပေးလာလုပ်သည့် ဧည့်သည်များနေထိုင်ရန်စီစဥ်ပေးထားသောအခန်းသည်မဆိုးဝါးလှပါ ။ အခရာက ကိုကိုနဲ့အတူ သူ့အခန်းတွင်းဝင်ရောက်လာသည် ။

အခန်းပတ်လည်ကို သူမလျှောက်ကြည့်ပြီးနောက်မှာ ဂျူတီကုတ်ချွတ်ပြီးသည့်ကိုကို့နောက်ကျောကို ဖက်တွယ်လိုက်သည်။
တော်ဝင်က သူ့အားနှောက်ယှက်နေပါသော ကောင်မလေးအားရင်ခွင်ထဲဆွဲထည့်လိုက်ရင်း ဖြူနုနုမျက်နှာထက်ကိုအနမ်း​ပေးရန် သူ့ခေါင်းကိုငုံ့ရှိုးလိုက်သည်။

အခရာက ငုံ့ဆင်းလာသည့်ကိုကို့မျက်နှာအားလက်ဖဝါး​ဖြင့်...
တားဆီးလိုက်ရင်း နှစ်ကိုယ်ကြားလေသံလေးနဲ့....

"သန့်ရှင်းရေးအရင်လုပ်ရမယ်... !

သူ့မျက်နှာထက်ကအမွှေးအမျှင်တွေကို
သူမ မကြိုက်မှန်းသိနေလေတော့တော်ဝင်က ခပ်ဟဟရယ်မိရင်း သူမဆွဲခေါ်ရာရေချိုးခန်းထဲသို့ ပါသွားရသည်။ အိမ်သာအဖုံးကိုပိတ်ကာ သူ့အားထိုင်စေပြီးနောက်
သူမက စဥ်ပေါ်ရှိcreamဘူးအားယူလိုက်သည် ။ သူ့မျက်နှာပေါ်ညင်သာစွာလိမ်းပေးပြီးနောက်မှ မုတ်ဆိတ်ရိတ်စက်ဖြင့်
ဂရုတစိုက်ပင် ရိတ်သင်ပေးလို့လာသည်။

မျက်လုံးတို့မှေးမှိတ်ထားကာ ပြောင်ရှင်း
သွားပါသော မျက်နှာချောချောကိုကြည့်ရင်း သူမကျေနပ်စွာပြုံးလိုက်သည်။

"ရပြီ... ! အမေ့...
သူမ စကားဆုံးပြီးလျှင်ပဲ လက်တစ်ဖက်သည်အားဖြင့်ဆောင့်ဆွဲလိုက်သည်ကို ခံလိုက်ရပြီး အခရာကိုယ်လေးက သူ့ပေါင်ပေါ်ကို ပြစ်စလတ်ခတ်ကျသွားရသည်။

ပြင်ဆင်ချိန်ပင်မရလိုက်ပါပဲ သူ့လက်တစ်ဖက်သည် သူမခါးထက်ဖက်တွယ်ကာ ကျန်လက်တစ်ဖက်ဖြင့် သူမမေးရိုးအား ဆုပ်ကိုင်လိုက်သည်။ ပွင့်ဟသွားရသည့်နှုတ်ခမ်းသားတို့က တရိရိအကိုက်ခံရကာ သူ့လျှာက ပြင်းထန်စွာပင်တိုးဝင်လို့လာသည် ။  နာရီအနည်းငယ်ကြာသည်အထိ သူမနှုတ်ခမ်းတို့သည်ထုံကျင်ကိုက်ခဲအောင် အနမ်းခံနေရပြီး အသက်ရှူမရတော့သည်မို့ သူ့ရင်ဘတ်အား အားအနည်းငယ်ထည့်ကာထုရိုက်လိုက်သည်။

" Let's Get Married "Where stories live. Discover now