ဥာဏ်ဇော်က သူ့ဒဏ်ရာတွေကိုဆေး
ထည့်ပြီးနောက်မှာမိုင်ခအခန်းဘက်ကို ကူးပြောင်းလာခဲ့သည်။ သူမက ကုတင်ပေါ်မှာဖျော့တော့စွာထိုင်နေပြီး ရီဝေဝေမျက်လုံးတို့နဲ့ မှန်ပြူတင်းအပြင်ဘက်ကိုငေးလို့နေသည် ။ သူကုတင်နားကိုလျှောက်လို့သွားတော့ သူမကသတိထားမိပြီး လှည့်ကြည့်လို့လာ၏။ သူ့ရင်ဘတ်ကနေ သူ့မျက်နှာထက်ကဒဏ်ရာတို့မှာ သူမအကြည့်တို့ ရပ်တန့်သွားခဲ့ပြီး ခြောက်သွေ့နေပါသည့်နှုတ်ခမ်းအလွှာကို ဖွင့်ဟကာခပ်တိုးတိုး ဆိုလာသည်။"နင် ရန်ဖြစ်လာပြန်ပြီ.. !
ဒီတစ်ခါတော့ သူ မငြင်းတော့ ။ အသံတိတ်ဝန်ခံပြီး မိုင်ခကုတင်ဘေးမှာဝင်ထိုင်လိုက်သည်။"ဘာစားပြီးပြီလဲ.. ?
စားပွဲခုံထက်ကမထိတွေ့ရသေးသည့် ဆန်ပြုတ်ပန်းကန်ကိုသူလှမ်းကြည့်ရင်း
အဖြေကိုသိသိရက်နဲ့ မေးလိုက်ခြင်း ၊ သူမက သူ့ထံမှအကြည့်တို့ကို အပြင်သို့ပြန်လွှဲလိုက်ရင်းက ဖြေလာသည်။"ငါမစားချင်ဘူး ။ ငါမနေချင်တော့ဘူး..!
ငါအရမ်းပင်ပန်းနေပြီ.. ""နင်မနေချင်လို့မရတော့ဘူး မိုင်ခ.. ၊
နင့်မှာကိုယ်ဝန်ရှိနေပြီ.. !!"ဟမ်... ! သူမသည်အံ့သြမှုအတိုင်းသားနဲ့၊
ပါးလျသည့်လက်တစ်ဖက်ဖြင့် သူမဗိုက်သူမ စမ်းမိသည်။
"ငါ.. ! ငါ့မှာ.. ?
ခြောက်သွေ့နေပြီဖြစ်တဲ့မျက်ရည်တို့က
သူမပါးပြင်ထက် ပြန်လည်စိုစွတ်လာရသည်။ ကတုန်ကယင်ဖြစ်လာသည့်သူမကို
လက်မောင်းနှစ်ဖက်ကနေဆုပ်ကိုင်ကာ သူဖမ်းချုပ်လိုက်ရင်း လေသံဖျော့ဖြင့်..."မိုင်ခ စိတ်ကိုအေးအေးထား.. !
"ငါကဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မှာလဲ.. ? ဒီအခြေအနေကြီးမှာလေ.. !
ငါဒီကလေးကိုမမွေးနိုင်ဘူး ဥာဏ်ဇော် ၊
ငါမမွေးဘူး... !!!"မွေးတာမမွေးတာကို အသာထား.. !
လောလောဆယ်မင်းကျန်းမာရေးကိုပဲဂရုစိုက်ရမှာ ။ မင်းနေကောင်းသွားမှ
မွေးမယ်မမွေးဘူး ငါတို့ဆုံးဖြတ်ကြမယ်ဟုတ်ပြီလား.. ""ငါမသိတော့ဘူး ။ ငါဘာလုပ်ရမလဲတစ်ကယ်ကိုမသိတော့ဘူး ။ ဒီကိစ္စကိုတော်ဝင်
ရော သိပြီးပြီလား.. ! သူဘာပြောလဲဟင်..
သူငါ့ကိုလာကြည့်သေးလား.. ?
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...