(4)

202 1 0
                                    

ဒီနေ့ကကျောင်းပိတ်ရက်မို့ မိုင်ခအိပ်ယာထနောက်ကျသည် ။ ရှုပ်ပွနေသည့်ဆံပင်တို့ကိုလက်ဖြင့်အသာသပ်ရင်းက တဝါးဝါးသမ်းရင်း သူမ မီးဖိုချောင်ဆီဝင်လာသည် ။ အိမ်အကူအဒေါ်က မနက်စာတစ်ချို့အားစားပွဲထက်ပြင်ဆင်ထားတာမို့ သူမတုန့်ဆိုင်းမနေတော့ပဲ ဝင်ထိုင်ကာဇွန်းကိုကိုင်လိုက်သည် ။ ခေါက်ဆွဲတစ်လုပ်ကိုပါးစပ်ထဲ ကောက်ထည့်ရင်းက ပလုပ်ပလောင်းနဲ့ မေးလိုက်၏။

"ကိုကြီး အလုပ်သွားပြီလား.. ?
သူမတို့မောင်နှမဒီရက်ထဲမျက်နှာမမြင်ရတာတောင်များပြီ ။
"မောင်မင်းခ ညကပြန်မအိပ်ဘူးထင်တယ် တူမလေး ။ ဒေါ်လေးမနက်ကအိပ်ယာခင်းတွေလျှော်ဖွပ်လို့လုပ်တော့ ညကလူမအိပ်ထားတဲ့အတိုင်းအေးစက်နေတာ "

"ဟမ်.. ? သူမ မသိဘူး ။ ညကအစောကြီးအိပ်ယာဝင်သွားခဲ့တာမို့ ကိုကြီးကခါတိုင်းလိုပဲနောက်ကျသည်အထင်နဲ့မစောင့်မိတာပင် ။ ကိုကြီးကဘယ်လောက်အလုပ်များများ အိမ်ပြန်မအိပ်တာကဒါပထမဆုံးအကြိမ်.. ။

"ဒေါ်လေး သမီးကိုအစားအသောက်တစ်ချို့စီစဥ်ပေးပါလား ။ ခဏနေကိုကြီးအလုပ်ကိုလိုက်သွားမလို့!
"အေးကွယ် ၊ ဒေါ်လေးထည့်ထားလိုက်မယ် "
"ဟုတ်.. ! သူမ မနက်စာကိုမြန်ဆန်စွာသုံးဆောင်လိုက်ပြီး ခြံထဲလမ်းနည်းနည်းပတ်လျှောက်ကာ အစာခြေပြီးနောက် ရေချိုးရန်ပြင်ဆင်လိုက်သည်။ ဖီးလိမ်းပြင်ဆင်ပြီးနောက်မှာ ဒေါ်လေးလုပ်ပေးထားတဲ့ချိုင့်ကိုဆွဲပြီး အိမ်ကထွက်လာလိုက်သည်။

busကားနှစ်ဆင့်စီးပြီးမှကိုကြီးရဲ့ရုံးကိုရောက်တော့သည်။ သူမက ကိုကြီးညီမမှန်းသိသည်မို့လုံခြုံရေးဦးလေးကြီးတွေက အတားအစီးမရှိဝင်ခွင့်ပြုကြသည်။

သူမအထဲကိုဝင်လာပြီးနောက် ကော်ရစ်ဒါကရုံးစာရေးကြီးအား နှုတ်ဆက်လိုက်ရင်း

"ကိုကြီးအထဲမှာလားဟင်.. !
"ရှိတယ် ခလေး ၊ ဧည့်သည်ရောက်နေလို့
ခဏလောက်စောင့်လိုက်ပါလား "
"အော် ဟုတ်.. "

သူမ နံရံနဘေးက ခုံတန်းလေးမှာဝင်ထိုင်နေလိုက်ပြီး တစ်အောင့်အကြာ ကိုကြီးရုံးခန်းတံခါးက ပွင့်ဟလို့လာခဲ့သည်။ အထဲမှ အမျိုးသမီးတစ်ဦးထွက်လာပါ၏။

" Let's Get Married "Where stories live. Discover now