(1)

418 8 0
                                    

အင်ပါယာကျောင်းတော်က မြို့တော်Cမှာအရေးပါဆုံးနဲ့ အကြီးမားဆုံးကျောင်းတော်ကြီး ဖြစ်သည်။ မိုင်ခက ဒီမြို့ကိုပြောင်းလာသည်မှာ မကြာသေး၊ ကိုကြီးရဲ့အကြံပြုချက်ကြောင့် အင်ပါယာကျောင်းတော်ရဲ့ကျောင်းသူတစ်ဦး ဖြစ်လာသည် ။ ထို့နောက် မထင်မှတ်ပါပဲ
သူမ ရည်းစားတစ်​ယောက်ရသွားခဲ့သည်။

တော်ဝင်က ကျောင်းတော်ရဲ့မင်းသားလေးမှန်း သူမ မသိခဲ့ရိုးအမှန်။ သူမ မျက်လုံးထဲမှာတော့ တော်ဝင်ကအထီးကျန်ပြီး အေးစက်နေသည့်လူတစ်ယောက် ၊ သူမကတတ်နိုင်သမျှနွေးထွေးပေးချင်ခဲ့ရုံသာ ။ တစ်ခါက တော်ဝင်ပြောဖူးတာ မိုင်ခက သူ့ကိုသာမာန်လူလိုဆက်ဆံပေးတဲ့ တစ်ဦးတည်းသောလူပါတဲ့ ။ ထူးခြားတာတစ်ခုက သူမတို့ရဲ့မွေးနေ့တွေ တူညီနေခဲ့တာပင်။

တစ်ခုသော၁၈နှစ်ပြည့်မွေးနေ့မှာ တော်ဝင့်လက်ကိုဆွဲပြီး မိုင်ခတို့မြို့အနှံ့လျှောက်လည်ကြသည်။ အတော်လေးပေါ့ပါးပြီး
အတော်ကို ပျော်စရာကောင်းခဲ့သည့်နေ့။
ညနေခင်းမှာ မ​မျှော်လင့်ပဲရွာချလာခဲ့
သည့် မိုးကြောင့်သာမဟုတ်ရင် ပိုပြီးပြီး
ပြည့်စုံနိုင်ခဲ့လိမ့်မည်။

နွေခေါင်ခေါင်ကြီးမှာ ရွာတဲ့မိုးက အဆောင်းအကာမပါတဲ့ သူမတို့နှစ်ယောက်ကို စိုရွှဲစေခဲ့သည်။

"ဘယ်လိုလုပ်ကြမလဲ?
"ခ ကိုယ်နဲ့လိုက်ခဲ့ "

တော်ဝင်က မိုင်ခလက်ကိုဆွဲပြီး တစ်နေရာကိုခေါ်လာခဲ့သည်။ ကြီးမားပြီး ကျယ်ဝန်းလိုက်သည့် အိမ်ကြီး! ခြံစောင့်တစ်ဦးကလွဲလို့ အိမ်တစ်ခုလုံးဟာအပ်ကျသံမကြားအောင် တိတ်လို့နေသည်။ မိုင်ခက တော်ဝင့်အနားကိုပိုတိုးလို့ကပ်သွားမိသည်။ တော်ဝင် ခပ်ဟဟရယ်လိုက်ရင်း

"မကြောက်ပါနဲ့ ခ ရယ် ၊ အိမ်အကူတွေကသူတို့အလုပ်ပြီးတာနဲ့ ပြန်သွားကြလို့ဘယ်သူမှမရှိတာ ။ လာ အပေါ်ကိုသွားစို့! အပေါ်က ကိုယ့်အခန်းထဲမှာ အဝတ်တစ်ချို့ရှိမယ် ထင်တယ်... !

တော်ဝင့်လက်ကို မလွတ်တမ်းဆွဲရင်း လှေကားထစ်တွေဆီတက်လာခဲ့သည်။

"ဒါက တော်ဝင်တို့အိမ်လား.. ?
"အင်း ၊ ဒါက အပန်းဖြေစံအိမ်လေ ၊ ကိုယ်တို့အိမ်ဆိုပေမယ့် အိမ်ကလူတွေတော့လာခဲတယ် ။

" Let's Get Married "Where stories live. Discover now