(9)

151 0 0
                                    

မနက်ဝေလီဝေလင်းအချိန်မှာ ဥာဏ်ဇော်၏မိသားစုနဲ့ သူမတို့ မျက်နှာစုံညီထိုင်ဖြစ်ကြသည်။ ဥာဏ်ဇော့်ဖေဖေဦးထိန်လင်းက သူမကို အလေးအနက်ထားပြောလာသည် ။

"ဒီကိစ္စနဲ့ပက်သက်ပြီး မိန်းကလေးအပေါ်
ဦး သားရဲ့အပြုအမူအတွက်အပြည့်အဝတာဝန်ယူသွားမှာပါ ။ ဒါပေမယ့်လတ်တ
လောမှာ အခြေအနေတွေကရှုပ်ထွေးနေတော့..ဦးအနေ နဲ့ မင်္ဂလာပွဲကို  ရွေ့ဆိုင်းထားစေချင်တယ် !

"ဟုတ်ကဲ့.. " မိုင်ခအတွက် ငြင်းဖွယ်ရာမရှိ။ သူမစိတ်ထဲအားနာစိတ်သာ ကြီးစိုးလို့နေသည် ။ ဒါကမတရားတာမှန်းသိသိရက်နဲ့ အမှန်တရားကို သူမဖွင့်မဟရဲ ။ အခုချိန်မှာ သူမအတွက်ကောက်ရိုးတစ်မျှင်က ဒီမိသားစုဖြစ်နေသည်။

"ဒါဆိုဖေဖေတို့သဘောတူပြီ ဟုတ်.. ?
နောက်မှစကားကိုပြန်မပြောင်းရဘူးနော်"

"ကောင်စုတ်လေး..! ဒီအခြေအနေ
ရောက်အောင်မင်းလုပ်ထားပြီးမှ သဘောမတူလို့
ရပါ့မလားကွ.. !
"ကလေးမက ပိန်လိုက်တာ ။ ကိုယ်ဝန်ကဘယ်နှစ်လရှိပြီတဲ့လဲ.. ?

"နှစ်လပါ "
​ဒေါ်နုထွေးကသားဖြစ်သူကို မျက်စောင်းတခဲခဲ.. !
"ဒီနားလာပါဦး သမီးရဲ့.. "
"ဟုတ်ကဲ့.. " မိုင်ခကနေရာမှ ထကာ
ဥာဏ်ဇော့်မေမေနံဘေးဝင်ထိုင်လိုက်သည်။ ကြင်နာတတ်သောထိုအမျိုးသမီးက သူမလက်တို့ကိုဆုပ်ထွေးလာခဲ့ပြီး..

"အများကြီးပင်ပန်းနေတယ်မလား.. ?
အန်တီတို့လည်းသတင်းတွေကြားပြီးပါပြီ။ သမီးအကိုနဲ့ရော တွေ့ပြီးပြီလား..."

မိုင်ခခေါင်းခါပြလိုက်သည်။ ကိုကြီးကိုဖမ်းသွားချိန်မှစ၍ သူမ မျက်နှာမြင်ခွင့်ရတာတရားရုံးတက်သည့် တစ်ချိန်ထဲသာ၊
သူမတို့မှာ နှစ်ယောက်ထဲစကားပြောနိုင်မယ့်အခွင့်အရေးပင် ရှိမနေခဲ့တာပေ။

"ဒေဝီထိပ်ထားက သိပ်ကိုမာနကြီးတဲ့မိန်းမ ၊ ပိုးမွေးသလိုမွေးထားတဲ့သမီးတစ်ယောက်လုံး ဒီလိုဖြစ်သွားမှတော့ သူ့အပြုအမူတွေကလည်းလွန်တယ်လို့
ပြောမရပါဘူး.. "

ဦးထိန်လင်းကဝင်ကာမှတ်ချက်ပေးသည်။ ဒေါ်နုထွေးကခေါင်းတစ်ညိမ့်ညိမ့်ဖြင့် သူမဆံနွယ်တို့ကိုသပ်ပေးလာရင်း
"အခုကစပြီးစိတ်မပူနဲ့တော့နော်.. !
သမီးအကိုလွတ်ဖို့တော့အန်တီတို့ တာဝန်မခံနိုင်ပေမယ့် သူနဲ့တွေ့ခွင့်ရဖို့ကိုတော့..
ကူညီပေးပါ့မယ်.. "

" Let's Get Married "Where stories live. Discover now