(17)

389 8 1
                                    


အဆောက်အဦးတစ်ခုအတွင်း လူတစ်ချို့စုစည်းလျက်ရှိသည် ။ နိုဗယ်လ်က အနက်ရောင်ဆွဲသားစကဒ်အကျပ်ကို အနီရောင်ဘလောက်စ်အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိနေသည် ။ သူမက ဟန်းဖုန်းနှင့်တစ်စုံတစ်ဦးအား ခေါ်ဆိုလျက်ဖြင့် နှုတ်ခမ်းသားတို့ကို ကိုက်ခဲလို့နေ၏။

တစ်ဖက်လူမှဖုန်းကိုင်လိုက်သည်နှင့်

"နင်မလာဘူးလား.. ?
ဒီမှာလူတောင်မနည်းစုံနေပြီ "

မိုင်ခက ကျောင်းဝင်းထဲမှထွက်လာသော
သမီး ဖြစ်သူကိုလက်ပြကာဆီးကြိုလိုက်ရင်း တစ်ဖက်ကဖုန်းကိုဖြေလိုက်သည်။

"မလာတော့ပါဘူး ။ ငါ့မှာအလုပ်တွေရှိသေးတယ် ။ အခုတောင်သမီးကိုအလုအယက်လာကြိုနေရတာ ။ ဆရာမကို ငါကနှုတ်ဆက်တယ်လို့ပြောပေးဦး "

ပြောချင်ရာပြောပြီး ဖုန်းချသွားသည့်သူငယ်ချင်းမကို နိုဗယ်လ်စိတ်တိုမိရင်း
သူမရှေ့က လိမ္မော်ရည်ခွက်ကို မော့သောက်လိုက်သည် ။

ဒီနေ့က သူမတို့အထက်တန်းတုန်းကဆရာမရဲ့ မွေးနေ့ပွဲနှင့် ကျောင်းသားဟောင်းတွေ့ဆုံပွဲကို တွဲရက်ကျင်းပတာဖြစ်သည် ။ အမြဲတမ်းအလုပ်များနေသည့်
သူငယ်ချင်းမကို သူမကြိုတင်ချိန်းဆိုခဲ့သော်လည်း အချည်းနှီးသာ...။

ဒီအမျိုးသမီးက အိမ်ထောင်ကျပြီးကတည်းက သူမနဲ့အတူကိုအချိန်မဖြုန်းတော့ဘူး.. ။ တစ်ယောက်တည်းအထီးကျန်ရသည့် ခံစားချက်ကိုမကြိုက်ပါဘူးဆိုမှ.. ။

"နိုဗယ်လေး တစ်ယောက်ထဲလား.. ?

သူမ စားပွဲကိုအမျိုးသားတစ်ယောက်က
ပြုံးစစမျက်နှာထားနဲ့ မေးရင်းဝင်ထိုင်လာသည် ။ နိုဗယ်လ်က မျက်စောင်းထိုးလိုက်ရင်း..

"နင့်ကို ဘယ်သူကဖိတ်လို့ သူများပွဲကို
လာရတာလဲ.. ?
"ငါလည်း အင်ပါယာကျောင်းထွက်လေ.."

ရန်ပိုင်ကပြောရင်း စားပွဲပေါ်ရှိ တစ်ဝက်ကျနေသောလိမ္မော်ရည်ခွက်အား တစ်ကျိုက်တည်းမော့သောက်လိုက်၏။

"ဟဲ့ အဲ့တာငါသောက်လက်စကြီး.. !

သူကလေချဥ်တစ်ချက်တက်လိုက်ရင်း..

You've reached the end of published parts.

⏰ Last updated: Jan 28 ⏰

Add this story to your Library to get notified about new parts!

" Let's Get Married "Where stories live. Discover now