မိုင်ခအနည်းငယ် ထူထူထောင်ထောင်ဖြစ်လာပြီးနောက်မှာ ဆေးရုံဆင်းခွင့်ရသည် ။ နိုဗယ်လ်အပါအဝင် ဥာဏ်ဇော်တို့သူငယ်ချင်းတစ်သိုက်က လာကြိုပါ၏။
ဆေးရုံကကိစ္စတွေရှင်းပြီးတဲ့နောက်
ဥာဏ်ဇော်ကအထုပ်အပိုးတွေနဲ့သူငယ်ချင်းတစ်စုကို ပထုတ်ပြီး သူမနဲ့
နှစ်ယောက်တည်း ထွက်လာခဲ့သည်။"ငါတို့ ဘယ်သွားနေတာ.. ?
"မင်းအတွေ့ချင်ဆုံး သူဆီ.. !ကိုကြီးလား.. ? သူမသိလိုက်ပါ၏။
ဥာဏ်ဇော့်မိဘတွေက သူတို့စကားသူတို့တည်အောင်လုပ်ပေးကြသည်။ ထောင်မှူးဆီမှာဖောင်ဖြည့်ပြီးနောက် မှန်တံခါးတစ်ချပ်ခြားကာ ကိုကြီးနဲ့တွေ့ခွင့်ရသည် ။
သူမတို့အားလွတ်"လပ်"စကားပြောစေချင်သောစိတ်နဲ့ ဥာဏ်ဇော်ကအလိုက်သိစွာပင် အပြင်ဘက်မှာကျန်နေရစ်သည်။"ကိုကြီး.. ! သူမအက်ရှစွာခေါ်ဖြစ်၏။
ဝဲတက်လာသည့်မျက်ရည်တို့အား ကျမသွားအောင် ပုတ်ခတ်ရင်း သူမလက်ဖဝါးတစ်ဖက်သည် ငုံ့ရှိုးနေသည့်ကိုကြီးရဲ့မျက်နှာအားပွတ်သပ်ပေးချင်မိသည့်အလား မှန်နံရံကို ထိတွေ့မိ၏ ။"သတိရနေတာ... "
သူမစကားအဆုံးတော့ ကိုကြီးပါးပြင်ထက် သူမနည်းတူမျက်ရည်တို့စိုစွတ်လာကာ ရီဝေဝေမျက်လုံးတို့က ပင့်ကြည့်လို့လာသည်။
"ညီမလေး.!!. ထိပ်ထားကို ထိပ်ထားကိုလေ.. ကောင်းကောင်း
ပို့ဆောင်ပေးလိုက်ကြရဲ့လားဟင်..!သူမငိုရှိုက်ရင်း..ခေါင်းကို တစ်ဆတ်"
ညိမ့်ပြကာ...
"သူတို့ပို့ပေးလိုက်ပါတယ် ။ မထိပ်ထားရဲ့
နောက်ဆုံးခရီးလမ်းက မသိမ်ငယ်ခဲ့ပါဘူး
ကိုကြီးရယ်... !ကိုကြီးကမျက်လွှာတို့ပြန်ချသွားခဲ့ရင်း
ခပ်ဆွေးဆွေးလေးပြောလာသည်။"အကုန် ကိုကြီးအမှားတွေပါပဲ ။
ကိုကြီးနဲ့သာမတွေ့ခဲ့ရင် သူ့ဘဝလေးက
ဒီလောက်တိုလိမ့်မှာမဟုတ်ဘူး.. "
"ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့
ကိုကြီးရယ် ။ ဒီလိုပုံစံကိုမြင်ရင် အမက တမလွန်ကနေ ရင်နာနေပါ့မယ်.. !"သူ့နောက်ဆုံးအချိန်မှာတောင်ပြောသွားခဲ့တာက ကိုကြီးကို ကောင်းကောင်းအသက်ရှင် တဲ့.. ! မိုက်မဲလိုက်တာ.. ။ အဲ့အစားအတူတူခေါ်သွားခဲ့ရောပေါ့.. ။ အခုတော့ဒီလိုမျိုး!! ဒီလိုမျိုး သူ မရှိတဲ့ငရဲမှာ
ကိုကြီးဘဝကရှင်ရက်နဲ့သေနေရသလိုပဲ ။ ညီမလေးကိုတောင် မျက်နှာမပြဝံ့ပါဘူး..!
YOU ARE READING
" Let's Get Married "
Fantasyကျောင်းတော်ရဲ့မင်းသားလေးနဲ့ တရားဝင်တွဲခုတ်ပြီးတဲ့ နောက်ပိုင်းမှာ မိုင်ခက လူများစွာရဲ့ဝေဖန်လေကန်ခြင်းကို ခံခဲ့ရသည်။ သူမအားမြှူဆွယ်တတ်သော မြေခွေးမကဲ့သို့ တစ်မျိုး ၊ မမှီသည့်ပန်းတုံးခု၍ လှမ်းသည်က တစ်ဖုံ ။ သူမသည်းမခံနိုင်သည့်အဆုံး တစ်ခုတည်းသောညနေမှာ သူမ...