အခန်း(၈)

1.6K 236 1
                                    

အခန်း(၈) အောင်သွယ်တော် ရောက်လာသည်။

ဝေ့ချန်သည် အချိန်ရသောအခါ၊ ကောင်တီမြို့သို့ သွား၍ လမ်းဘေးမှ သကြားလုံးနှင့် သစ်သီးခြောက် အိတ်အနည်းငယ်ဝယ်ကာ အပြင်ဘက်မြို့ရှိ သူ့မိဘအိမ်သို့ သယ်သွားလေသည်။

သူ့မိဘများသည် ကောင်တီရုံးစိုက်ရာ အပြင်ဘက်မြို့၏ မြောက်ဘက်ခြမ်းတွင် နေထိုင်ကြသည်။ လူနေထူထပ်သည့် လမ်းကြားနှင့် ခြံကျဉ်းကျဉ်းလေးထဲတွင် သာမန်လူကြပ်သိပ်နေသည့် အိမ်လေးဖြစ်ပြီး၊ နေရာလပ်သေးသေးနှင့် ခြံ၀င်းလေးရှိ၏။ ပင်မအခန်း၏ ဘယ်ဘက်နှင့်ညာဘက်တွင် အခန်းနှစ်ခန်းရှိပြီး၊ အပြင်ဘက်တွင် အခန်းနှစ်ခန်းနှင့် သီးသန့်မီးဖိုချောင်ရှိလေ၏။

သူသည် အပြင်ဘက်ခန်းတွင် နေခဲ့ဖူးသော်လည်း ယခုအခါ တူဖြစ်သူ၏ အိပ်ခန်းဖြစ်ပြီး၊ တခြားအခန်းသည် သူ့အစ်မနေထိုင်ရန်ပြန်ရောက်လာသောအခါ စို့မဟုတ် ဧည့်သည်များ လက်ခံသည့်အခါ အခန်းဖြစ်နေပြီဖြစ်သည်။

ဝေ့ချန် တံခါးထဲဝင်လိုက်သည်နှင့် သူ့မရီး ဝေ့ဝူသည် သူ့ကို လှောင်ပြောင်လေ၏။

"ဒါက ဒုတိယမောင်လေး မဟုတ်ဘူးလား၊ ဘာလို့ ဒီကို ရောက်နေတာလဲ။ မျက်မမြင်ချိန်းတွေ့တာက အကြိမ်ကြိမ် ကျရှုံးပြီး၊ ဒီတစ်ခါတော့ ကျေးလက်ကလူတစ်ယောက်အတွက် ဝေ့မိသားစု အရှက်ရစရာ ဖြစ်ခဲ့တာပဲ။ အခု ပေါ်လာ‌ဖို့ မျက်နှာရှိသေးတယ်ပေါ့။ ဘာလို့လဲ၊ မိဘတွေကို မင်းရဲ့မျက်မမြင်ချိန်းတွေ့ဖို့အတွက် ဆက်စီစဉ်ခိုင်းပြီး အရှက်ရစေဦးမလို့လား  ”

ဝေ့ချန်သည် သူမကို လျစ်လျူရှုထားပြီး ထုံးစံအတိုင်း မရီးဟု ခေါ်ကာနှုန်ဆက်လိုက်ပြီး သူမကို ဖြတ်သွားသော်လည်း တစ်ယောက်ယောက်သည် သူ့ကို ထပ်တားပြန်လေ၏။

သူ့ရှေ့တွင် ရပ်နေသော သူ့အစ်ကိုကြီး၏သား ဝေ့တပေါင်သည် ထွားကျိုင်းသောကောင်လေးဖြစ်လေ၏။

ဝေ့တပေါင်၏ မျက်လုံးများသည် စူးရဲနေပြီး သူ့လက်ထဲရှိ တစ်စုံတစ်ရာကို မြင်လိုက်သောအခါ စကားတစ်ခွန်းမှ မပြောဘဲ၊ ဆွဲယူသွားလေကာ ဒုတိယဦးလေးဟုပင် စကားတစ်ခွန်း မပြောခဲ့ချေ။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now