အခန်း(၂၈)

859 144 7
                                    

အခန်း(၂၈) စီးပွားရေးက တံခါးကိုလာခေါက်ပြီ။

အိမ်ထဲမှ ချောင်းဆိုသံတစ်သံ ထွက်လာ၏။

ပိန်ပိန်ပါးပါး၊ အဝါရောင်မျက်နှာနှင့် ကလေးနှစ်ယောက်သည် ညစ်ပတ်စုတ်ပြဲ‌နေသော အဝတ်အစားများဖြင့် သက်ကယ်တဲ၏ရှေ့တွင် ထိုင်နေကြ၏။

ကလေးသည် လမ်းကိုကြည့်ရန် လည်ပင်းကို မကြာခဏ ဆန့်ထုတ်မျှော်ကြည့်နေသော်လည်း  သူမျှော်နေသောပုံသဏ္ဍာန်ကိုမူ မမြင်ရချေ၊ သူ့၏ မီးခိုးရောင်မျက်နှာငယ်လေးသည် မှိန်ဖျော့သွားလေ၏။

သူ့အစ်ကိုသည် ယခုထိ ပြန်မလာသေးချေ၊ ရောင်းပြီး ငွေရများရပါ့မလား။ သူတို့သည် မနက်က တောရိုင်း အသီးအရွက်ဟင်ူတစ်ခုသာ စားခဲ့ရပြီး ယခု သူတို့ ဗိုက်အလွန်ဆာနေကြပြီဖြစ်ကာ၊ သူတို့အစ်ကိုသည် မိဘများအတွက် ဆေးဝယ်ဖို့ ပိုက်ဆံမရမည်ကို ပိုလို့တောင် စိတ်ပူနေလေ၏။

"အစ်ကိုက အခုထိ ပြန်မလာသေးဘူး၊ တစ်ရက်လူံ အပြင်ထွက်သွားတာ " သူသည် မိုးမလင်းခင်ကပင် အိမ်မှ ထွက်သွားခြင်းဖြစ်၏။

"ဒုတိယအစ်ကို၊ ပထမအစ်ကိုက ငွေ့နဲ့ရောင်းနိုင်ပါ့မလား " ပိန်လှီနေသော ကလေးမလေးက တိုးတိုးလေး ပြောလေ၏။သူမ၏ ဆံပင်များသည် မြက်ခြောက်များလို ရှုတ်ထွေးနေလေ၏။

"သေချာတယ်" လူသေးလေးသည် မတ်တပ်ထရပ်ပြီး အသံကျယ်ကျယ်နှင့် ပြောလေ၏။ သူ့အသံ ပိုကျယ်လေလေ သူအစ်ကိုကြီး ငွေနှင့်ရောင်းနိုင်လိမ့်မည်ဖြစ်သကဲ့သို့ပင်။

သက်ကယ်အိမ်ထဲမှ ချောင်းဆိုးသံသည် ပို၍ပြင်းထန်လာလေ၏။

ကလေးမလေးသည် မျက်ရည်များကျလာကာ ကောင်လေးထံ ချဉ်းကပ်ပြီး " ဒုတိယအစ်ကို၊ ငါ မိဘတွေကို နေမကောင်းမဖြစ်စေချင်ဘူး"

ကောင်လေး၏ မျက်လုံးများ နီရဲနေလေ၏။ မိသားစုတွင် ဒုတိယမြောက်ကော နှင့် လူငယ်လေး ဖြစ်သည့်အတွက်၊ သူသည် သန်မာပြီး မငိုရပေ။ သူညီမလေးကို နှစ်သိမ့်လိုက်၏။ " အဖေနဲ့ အမေ နေကောင်းသွားလိမ့်မယ်။ အစ်ကိုကြီးက အမေနဲ့ အဖေအတွက် ဆေးဝယ်ဖို့ပိုက်ဆံအတွက် ပစ္စည်းတွေရောင်းလိမ့်မယ်  "

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now