အခန်း(၁၄)

1.7K 246 0
                                    

အခန်း(၁၄) လက်ထပ်ပွဲ-၂

ကျိုးချိူနှင့် ကျိုးမုဇီတို့သည် ခြံတံခါးကို ပိတ်ဆို့ထားကြပြီး "မင်းဝင်ဖို့ စာအိတ်အနီ ပေးရမယ်"

ဝေ့ချန်သည် စာအိတ်နီများကို ထုတ်လိုက်ပြီး ကျိုးယွမ်၏ ဝမ်းကွဲများအပါအ၀င်၊ စာအိတ်အနီ တောင်းဖို့ ခြံထဲတွင် လက်ဆန့်တန်းထားသရွေ့ သူတို့အားလုံးကို ပေစလိမ့်မည်ဖြစ်သည်။

ဝေ့ချန်သည် စာအိတ်နီရောင်သုံးဆယ်ကို ပြင်ဆင်ထားခဲ့ပြီး၊ တစ်အိတ်လျှင်ဆယ်ဝမ်စီပါပြီး ငွေအနည်းငယ်ကျန်နေသေးသည်။

ဝေ့ချန်သည် စာအိတ်အနီကို လက်တစ်ဖက်တည်းနှင့် ပေးခဲ့ပြီး အလွန်ရက်ရောလေ၏။ စာအိတ်နီကို သူတို့၏သားဖြစ်အား ပေးလိုက်သောအခါမှာတော့ ကြည့်ရှုနေကြသည့် မိဘများသည် ကျေနပ်စွာ ပြုံးနေခဲ့ကြ၏။

" ကျွန်တော်က ယွမ်ကောရဲ့ ဝမ်းကွဲ ကျိုးရှောက်ယွီပါ "

ကျိုးလန်လန်၏ အကြီးဆုံးအစ်ကို ကျိုးရှောက်ယွီလည်း ကျောင်းကပြန်လာခဲ့၏။ သူသည် နှိမ့်ချပြီး လူကြီးလူကောင်းတစ်ယောက်လိုပင်။

"မင်္ဂလာပါ ၀မ်းကွဲအစ်ကို၊ ကျွန်တော်က ဝေ့ချန်၊ ယွမ်ယွမ်ရဲ့ အနာဂါတ်ခင်ပွန်းပါ။ "  အိမ်ထောင်မပြုရသေးသဖြင့်၊ ခင်ပွန်းပါဟု မပြောနိုင်သေးချေ။

" ယွမ်ကောကို ကောင်းကောင်းဆက်ဆံပါ "

" ဟုတ်ကဲ့ပါ "

အဖေကျိုးနှင့် အမေကျိုးတို့ ထွက်လာကြပြီး၊ သူတို့သည် ချောမောလှသည့် သားမက်ကို တွေ့ရသောအခါ ဝမ်းသာသွားကြလေ၏။

ဝေ့ချန်သည် တလေးတစား အရိုအသေပေးလိုက်ပြီး ခေါ်လိုက်၏။ "ယောက္ခထီး၊ ယောက္ခမ၊ ကျွန်တော် ယွမ်ယွမ်ကို ခေါ်ဖို့ လာခဲ့တာပါ "

ဖခင်တစ်ယောက်အနေနှင့် အဖေကျိုးသည် စကားအနည်းငယ်ပြောလိုက်၏။ " ချန်ဇီ၊ မင်းနဲ့ယွမ်ယွမ် ကောင်းမွန်တဲ့ဘ၀မှာ နေထိုင်ကြ။ အနာဂတ်မှာ ယွမ်ယွမ် ကောင်းကောင်းမလုပ်နိုင်လို့ မင်းစိတ်ဆိုးသွားရင်၊ မင်းသူ့ကို ပြန်ခေါ်လာခဲ့၊ မင်းအတွက် ငါ သူ့ကို သင်ပေးမယ်။ မင်း သူ့ကို သီးသန့်အနိုင်ကျင့်လို့မရဘူး။ “

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now