အခန်း(၁၈)

1.7K 237 4
                                    

အခန်း(၁၈)အစားအစာများရောင်းခြင်း

ပန်းပဲဆရာသည် အသေးစိတ်ပုံစံကြမ်းများကို ကိုင်ဆောင်ထားပြီး ၎င်းကိရိယာများသည် ပြုလုပ်ရန် မခက်ခဲဘဲ၊ ၎င်းတို့သည် စိတ်ဝင်စားစရာကောင်းပုံရလေ၏။ သူသည် ဝေ့ချန်အား နာရီဝက်အတွင်း လာယူရန် ပြောလိုက်၏။ ဝေ့ချန်သည် ဆော့စ်နှင့် ဟင်းသီးဟင်းရွက်ချဉ်ရောင်းသည့် ဆိုင်လေးတစ်ခုသို့ မီဆိုသွားဝယ်ရန် အချိန်ရသွားလေ၏။ ကိုယ်တိုင်လုပ်သည့် အရာများနှင့်ယှဉ်ပါက တစ်ပိုင်းကုန်ချောပစ္စည်းများကို ၀ယ်ယူခြင်းသည် အချိန်နှင့်အားစိုက်ထုတ်မှုကို သက်သာစေ၏။

သူလိုချင်သမျှ၀ယ်ပြီးသောအခါ ပန်းပဲဆိုင်သို့ ပြန်သွားလေ၏။ ပန်းပဲသမားသည် ကိရိယာအသေးလေးများကို လုပ်ပြီး မေးလေ၏။ “ဒီကိရိယာလေးတွေက ဘာအတွက်သုံးတာလဲ”

ဝေ့ချန်က ပြောလိုက်၏။ "ဒါက အသီးအရွက်တွေကို လှီးဖြတ်ဖို့နဲ့ အခွံခွာဖို့ အရန်ကိရိယာတစ်ခုပါပဲ "

ပန်းပဲဆရာ " " မင်း နမူနာလုပ်ပြလို့ရမလား "

ဝေ့ချန်သည် နမူနာသရုပ်ပြရန် သဘောတူလိုက်ပြီး ပန်းပဲဆရာအား အသီးအရွက်များစွာကို ပြင်ဆင်ခိုင်းလိုက်ပြီး အသီးအရွက်လှီးဖြတ်သည့်ကိရိယာကို အသုံးပြုသည့်ပုံကို ပန်းပဲဆရာအား ပြသလိုက်၏။ အခွံခွာကိရိယာသည် လျင်မြန်စွာအခွံခွာလေကာ အသိးအရွက်များကို အခွံမကျန်အောင် ခြစ်ထုတ်ပြီး၊ သခွားသီးများကို အလျင်အမြန် ပါးပါးလှီးပြီး ပုံသဏ္ဍာန်များစွာ လှီးဖြတ်လိုက်လေ၏။

"ဒါက တကယ်အဆင်ပြေတာပဲ " ပန်းပဲဆရာသည် သေးငယ်သောကိရိယာဖြင့် လုပ်ရသည်ကို အံ့သြကျေနပ်သွားလေ၏။ ၎င်းသည် လက်တွေ့ကျရုံသာမကဘဲ  အသုံးလည်းတွင်ကျယ်သည်။ အိမ်နှင့် စားသောက်ဆိုင်တိုင်းတွင်ပါ အသုံးပြုနိုင်လေ၏။ " ငါ အသေးစိပ်ပုံစံကြမ်းကိုဝယ်ဖို့ ငွေနှစ်ချောင်းပေးမယ် "

ဝေ့ချန် : "..."

သူသည် အလံနီအောက်တွင် မွေးဖွားလာပြီး ရှေးခေတ်သို့ရောက်လာသည်ကို ကျေးဇူးတင်သင့်သည်။ သူ ယခင်က သင်ယူ အသုံးပြုခဲ့သည့် အသိပညာသည် ဤနေရာတွင် ငွေရှာသည့် ကိရိယာတစ်ခု ဖြစ်လာခဲ့လေပြီ။

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now