အခန်း(၂၃)

1.3K 181 0
                                    

အခန်း(၂၃) ‌ဆိုင်

သူ တစ်ခုခုမယူဘဲနဲ့ ယောက္ခမအိမ်သို့ ဘယ်လိုသွားရမည်နည်း။

ကျိုးယွမ်သည် ဗိုက်ဆာနေခဲ့သည့်အတွက် မနက်အစောကြီး အိပ်ရာက နိုးလာလေ၏။ သူသည် အိပ်ယာထဲလှဲနေပြီး အပြင်ဘက်ကနေ အမေကျိုး၏အသံကိုကြားရသည်အထိ စောင့်နေခဲ့လေ၏။

တူနှစ်ယောက်သည် ဘေးခုတင်ပေါ်မှာ အိပ်နေပြီးကြ တူလေးနှစ်ယောက်ကို မနိုးစေရန် အိပ်ရာကနေ တိတ်တိတ်လေး ထလာလေ၏။

အမေကျိုးက သူမကောလေး အစောကြီးထလာသည်ကို မြင်ပြီး အံ့ဩသွားလေ၏။ မနေ့ညက သူကောင်းကောင်းအိပ်မပျော်ပုံရလေ၏။

"ယွမ်ယွမ်၊ သား ဘာလို့ထပ်မအိပ်တာလဲ။ သားကြည့်ရတာ ပင်ပန်းနေပုံရတယ်၊ မင်းအိမ်ပြန်ရောက်တာတောင် ဘာလို့ ကောင်းကောင်းမအိပ်နိုင်သေးတာလဲ"

"မဟုတ်ပါဘူး၊ သား မုဇီအကြောင်းတွေးနေလို့ပါ။ မနေ့ လီဟူရဲ့အမေကို တွေ့ခဲ့တယ်၊ လီဟူရဲ့အမေက မုဇီကို သိပ်ကြိုက်တဲ့ပုံမရဘူး"

ဤသည်မှာ ကျိုးယွမ်၏ ကျပန်းအကြောင်းပြချက်ပင်ဖြစ်၏။

တစ်ညလုံး ဗိုက်ဆာနေခဲ့ပြီး တစ်ညလုံး အိပ်မပျော်ဘူး ဟုပြောဖို့ ခက်လေ၏။ အချိန်ကိုကြည့်လိုက်သောအခါလအဆင်ပြေပါ၏။ မနက်စာစားဖို့ အချိန်က နည်းနည်းသာ ထပ်စောင့်ရတော့မည်ဖြစ်သည်။

အိမ်ထောင်မပြုခင်က၊ သူဗိုက်ဆာပါက မီးဖိုချောင်ထဲဝင်ပြီး သူ့ဗိုက်ပြည့်အောင် စားစရာတစ်ခုခု သွားယူနိုင်သည်။ အိမ်ထောင်ပြုပြီးနောက် ဇာတိမိသားစုဆီ ပြန်လာပြီး ဧည့်သည်အဖြစ် သတ်မှတ်ခံလိမ့်မည်ဖြစ်ကာ၊ သူ ထိုသို့ မနေနိုင်တော့ချေ။

"အများကြီးမတွေးပါနဲ့။ အိမ်ထောင်ပြုပြီးသွားရင် မိသားစုနဲ့ ပြေလည်မှာပါ။ မပြေလည်ရင် ကျင့်သားရ ရတော့မှာပဲလေ။ ဘယ်မိသားစုရဲ့ချွေးမက သူ့ယောက္ခမရဲ့ အခက်အခဲတွေကို မကြုံဖူးလို့လဲ။

သား ဝေ့ချန်နဲ့လက်ထပ်ပြီး၊ သူ့မိသားစုက စောစောစီးစီးခွဲခွာရသွားလို့သာ၊ အဲ့ဒါကြောင့် သား အဆင်ပြေတာ။ သား အဲ့လိုကိစ္စမျိုး မကြုံရဖို့ပဲလိုတယ်။ မုဇီ အဲ့ကလေးအတွက်ကတော့ လီဟူ သူ့ကို ကာကွယ်ပေးနေပါတယ်။ လီဟူရဲ့အ‌မေက နည်းနည်းပိုရက်စက်ပေမယ့် အနည်းဆုံးတော့ လီဟူရဲ့အိမ်ထောင်ဦးစီတော့ မဖြစ်နိုင်ပါဘူး"

Traveling Through Ancient Times To Be a Shopkeeper《Myanmar Translation》Where stories live. Discover now